ရိုဒရီနဲ့ အက်သလက်တီကိုတို့ဟာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် (၆၃)သန်းသတ်မှတ်ထားပြီး မန်စီးတီးက အဆိုပါပမာဏအတိုင်းပေးချေကာ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။
စပိန်ကွင်းလယ်ကစားသမား ကိုယ်တိုင်က အသင်းက ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့နောက် တီကိုဟာ ရိုဒရီအတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် (၆၃) သန်း သတ်မှတ်ထားပြီး မန်စီးတီးက ပေးချေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
အသက်အရွယ် ရလာခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုရဲ့ နေရာကို အစားဝင်ဖို့ ဂွာဒီယိုလာက တောင်းဆိုခြင်း ခံရတဲ့ စပိန်ကွင်းလယ်လူဟာ မန်စီးတီးနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုသွားမှာပါ။
ရိုဒရီဟာ စပိန်လက်ရွေးစင်မှာလည်း ဘက်ကွက်စ်နေရာကို အစားထိုးပေးမယ့်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
အပြောင်းအရွှေ့အတွက် တရားဝင်ကြေညာချက် ထုတ်ပြန်ပြီးရင် မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်း ခံရသူလည်း ဖြစ်လာမှာပါ။ မန်စီးတီးဟာ အရင်နွေအပြောင်းအရွှေ့က တောင်ပံသမား မာရက်ဇ်ကို အမြင့်ဆုံး ပါင်သန်း (၆၀) နဲ့ ခေါ်ယူထားဖူးပါတယ်။