မန်ယူအသင်းဟာ နွေအပြောင်းအရွှေ့ရဲ့ ဒုတိယခေါ်ယူမှုအဖြစ် အင်္ဂလန် ယူ၂၁ ညာနောက်ခံလူ ၀မ်ဘစ်ဆာကာကို တစ်ပတ်ကို ပေါင်၈သောင်း ဝန်းကျင်၊ ၅ နှစ် စာချုပ်၊ တစ်နှစ် ထပ်တိုးခွင့် အပါအ၀င်နဲ့ စာချုပ် ချုပ်ဆို ခေါ်ယူထားပါတယ်။
မန်ယူနည်းပြ ဆိုးရှားက သူ့အသင်းအတွက် ငယ်ရွယ်ပြီး၊ တိုးတက်နိုင်တဲ့ စိတ်အားထက်သန်တဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။ ဆွမ်ဆီးကနေ ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူခဲ့ပြီးနောက် အေရွန် ဝမ်ဘစ်ဆာကာက ဒီနွေရာသီမှာ ဆိုးရှားတဲ့ ဒုတိယမြောက် ခေါ်ယူခဲ့ပြီး နှစ်ဦးလုံးက အသက် ၂၁ နှစ် ၀န်းကျင်တွေ ဖြစ်ပါတယ်။
ကစားသမား နှစ်ယောက် ခေါ်ယူပြီးပေမယ့် ဘောလုံးရာသီသစ် မတိုင်ခင် မန်ယူအသင်းကို အသွင်သစ်နဲ့ ပြန်လည်တည်ဆောက်ဖို့ ကလပ်က ဆက်လက် လုပ်ကိုင်နေသလို သူတို့က နော်ဝေနည်းပြ ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်နေတဲ့ အဒ်ဝုဒ်ဝဒ်က ကစားသမားသစ်တွေ ထပ်ထည့်ဖို့ လုပ်ဆောင်နေပါပြီ။
ဝမ်ဘစ်ဆာကာရဲ့ ပေါင်သန်း ၅၀ အပြောင်းအရွှေကို တရားဝင် ကြေညာခြင်း မတိုင်ခင် ဝန်ထမ်းတွေကို ပို့ခဲ့တဲ့ အတွင်းရေး အီးမေးလ်မှာ ဒုတိယ ဥက္ကဌ အဒ်ဝုဒ်ဝဒ်က ကလပ်ဟာ နောက်လာမယ့် အပြောင်းအရွှေ အစီအစဉ်တွေ ထပ်ရှိသေးတယ်ဆိုတဲ့ သတိပေးစာပို့ခဲ့ကြောင်း အင်္ဂလန်သတင်းတွေ ကဖော်ပြပါတယ်။
ဝုဒ်ဝဒ်ရဲ့စာအရ မန်ယူဟာ နောက်ထပ် ခေါ်ယူမှုကို တစ်ခုထက်ပိုတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်မှာဖြစ်ပြီး အဆင်သင့် ပြင်ဆင်ထားဖို့ ကလပ်အသင်း ဝန်ထမ်းတွေကို သတိပေးထားခဲ့ခြင်း ဖြစ်ပါတယ်။