၀မ္ဘီဆာကာကုိ အပြီးသတ်ခေါ်ယူနိုင်ခဲ့မှုကြောင့် ညာနောက်ခံလူ ဒီယိုဂိုဒါးလော့ဟာ အသင်းမှာ နေရာပျောက်ဆုံးဖွယ် ရှိနေပြီဆိုတဲ့ မှတ်ချက်တွေ တိုးပွားနေပါတယ်။ အချို့ကတော့ ဒါးလော့ကို ဘယ်အစွန်မှာ အရန်အဖြစ်သုံးမယ်လို့ ဆိုနေကြပါတယ်။
မန်ယူ ဂန္တ၀င်ကစားသမား အင်္ဂလန် ကပ္ပတိန်ဟောင်း ဝိန်းရွန်းနီက ၄င်းနဲ့ အတူ လက်တွဲလုပ်ခဲ့ဖူးတဲ့ ထဲမှာ အကောင်းဆုံး နည်းပြက လူးဝစ် ဗန်ဟားပါလို့ အံ့အားသင့်ဖွယ် ထုတ်ဖော် ပြောကြား ထားပါတယ်။
မန်ယူဟာ ဒေါ့မွန်အသင်းရဲ့ အသက် (၂၀) အရွယ် လူငယ်တိုက်စစ်မှူး Jacob Brunn Larsen ကို ခေါ်ယူနိုင်ဖို့ လီဗာပူး၊ အာဆင်နယ် တို့နဲ့ အပြိုင် ကြိုးစားလာတော့မယ်လို့ သိရှိရပါတယ်။
ဆီဗီလာတိုက်စစ်မှူး ဘန်ရီဒါကို ခေါ်ယူဖို့အတွက် မန်ယူဘက်က အလားအလာကောင်းတွေကို ရှာဖွေနိုင်နေပြီး မကြာခင်မှာ သဘောတူညီမှု ရနိုင်တယ်လို့ စပိန်သတင်းဌာနတွေက ဖေါ်ပြနေကြပါတယ်။
အပြောင်းအရွေ့ကိစ္စအတွက် လန်ဒန်ကို ရောက်ရှိနေတဲ့ ဘရူနိုဖာနန်ဒက်နဲ့ အေးဂျင့်ဟာ မန်စီးတီး၊ လီဗာပူး နဲ့ စပါးတို့နဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူကတော့ ဖာနန်ဒက်ကို ခေါ်ယူဖို့ ဖြစ်နိုင်ချေ အများဆုံးပါ။
မန်ယူဟာ အသင်းရဲ့အဓိက ကစားသမား ပေါ့ဘာ ထွက်ခွာသွားခဲ့ပါက အစားထိုးနိုင်ဖို့ တော်တင်ဟမ် ကစားသမား အဲရစ်ဆင်ကို ပေါင်သန်း (၈၀) ပမာဏနဲ့ ခေါ်ယူဖို့ ချိန်ရွယ်လာနေပါပြီ။
ဝမ်ဘစ်ဆာကာရဲ့ ပေါင်သန်း ၅၀ အပြောင်းအရွှေကို တရားဝင် ကြေညာခြင်း မတိုင်ခင် ဝန်ထမ်းတွေကို ပို့ခဲ့တဲ့ အတွင်းရေး အီးမေးလ်မှာ ဒုတိယ ဥက္ကဌ အဒ်ဝုဒ်ဝဒ်က ကလပ်ဟာ နောက်လာမယ့် အပြောင်းအရွှေ အစီအစဉ်တွေ ထပ်ရှိသေးတယ်ဆိုတဲ့ စာပို့ခဲ့ကြောင်း အင်္ဂလန်သတင်းတွေ ကဖော်ပြပါတယ်။
မန်ယူဟာ အားလုံးက အံ့အားသင့်ရမယ့် ကမ်းလှမ်းမှုတစ်ခုအဖြစ် အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျွန်မက်ဂင်းကို မြင့်မားတဲ့ ပမာဏလောက်နဲ့ ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။
မန်ယူကစားသမားသစ် ၀မ်ဘီဆာကာက အသင်းရဲ့ သမိုင်းကြောင်းတွေဟာ သူ့ကို အိုထရတ်ဖိုဒ့်ထံ ပြောင်းရွေ့လာဖို့ ဆွဲဆောင်ခဲ့တာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။