ပရဟိတ မင်းသားကြီး ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အလှမယ် သင်းသင်းနဲ့ ပတ်သက်ပြီး Facebook တခွင်မှာ သတင်းတွေ ပျံ့နှံနေတာလည်း ဖြစ်ပါတယ်။ သင်းသင်းကို အားပေးထောက်ခံတဲ့သူတွေရှိပေမယ့်လည်း ဝေဖန်သူတွေက ပိုများနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင်းသင်းကတော့ သူ့ဘဝမှာ ရုန်းကန်ခဲ့ရပြီး သူခံစားခဲ့တာတွေ၊ သူ့မိဘအပေါ် သိတတ်တာတွေ၊ သူအခက်ခဲကြားထဲက စုထားတဲ့စုဘူးလေးကို ဖောက်ပြီးတော့ သူ့ရဲ့အမေအတွက် ပိုက်ဆံပို့ပေးတာတွေကို သူ့ရဲ့ ကိုယ်ပိုင် အကောင့်မှာ Status တင်ပြီး ခံစားချက်တွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

သင်းသင်းကတော့ သူ့ရဲ့ Facebook Acc တွင် “ စုဗူးလေး ဖောက်လိုက်ပြီ ကလေးဘဝကနေ့အခုချိုန်ထိ မိန်းကလေးတစ်ယောက်အနေနဲ့ မရုန်းကန်းရင် မိဘကိုလုပ်ကျွေးခွင့်ရလို့ ကျေးဇူးပါ အမြဲလူတိုင်းအပေါ်ယုံကြည်ခဲ့တယ် ဘဝရဲ့ခါးသီးမှု့ ဘယ်သူကိုမဆို ပြောပြဖြစ်ခဲ့ပါတယ် အခုဒါတွေအားလုံး ကဲ့ရဲ့လှောင်ရယ်သံတွေကြား အားတင်နေပါတယ် လူတစ်ယောက်ရဲ့ အားနည်းချက်လား အမြဲမဟုတ်ရင် မခံတုန့်ပြန်ချင်တဲ့စိတ်ကို အားလုံးက ကိုယ့်ကိုမုန်းကြတယ် အဲ့အကျင့် အဲ့စိတ်ဓာတ်လဲပြင်မရဘူး ဒါကြောင့် အမေသမီး ပို့နေကြတိုင်း ဒီနေ့ပို့ပေးလိုက်တယ် ဒီကပဲ အမေတို့အဖေတို့ ဆွေမ်ျိုးတွေအကုန် တောင်းပန်ပါတယ်

စိတ်ချပါ အမေ သမီးဘယ်အရှေနေရောက်ရောက်ပါ အမေကိုလုပ်ကျွေးပြုစုပါ့မယ် အမေ ဆွေမျိုးတွေဖုန်းတွေအားလုံး မကိုင်ရဲလို မကိုင်တော့ဘူး အဘွားလဲ ကျန်းမာဂရုစိုက်ပါ ဆွေမျိုးစရင်းက အားလုံးအပြီးပိုင်စွန့်လွတ်လိုက်ပါတော့ အမြဲကိုယ့်အားကိုပြီးမိသားစုအတွက် ဘဝကိုရုန်းကန် လှုပ်ရှားခဲ့တယ် လူယုတ်မာတွေနဲ့ တွေ့ရတယ် အားနာတတ်တဲ့အကျင့် သနားတတ်တဲ့အကျင့် သူတို့လိမ်သမျှခံရတယ် သိကျတော့ ကိုယ့်စိတ်က မခံတော့ လူတွေဘာကြောင့် မြေနှိမ့်ရာလျှံစိုက်ကြတယ် အားနည်းသူ ပိုနှိမ့်ချတယ် တစ်ခုပါပဲ ကျမအခုချိုန်ထိ လူလိမ်နေနဲ့ပဲတွေ့ရတယ် ဒီလနောက်ကြသွားတယ်အမေ အမေလျှောက်မသွားပါနဲ့ သမီးဘဝကြီးကိုလဲအရမ်းစိတ်ကုန်နေပါပြီ လူတွေအနိုင်ကျင့်သမျှခံရတယ် ဒါကြောင့်မစိုးရိမ်ပါနဲ့ ဒီတစ်ခါတော့ သမီးလုပ်ချင်တာ လုပ်ပါရစေ ခွင့်လွတ်ပါနော်” ဆိုပြီးတော့ သူဖြစ်ပျက်နေရတဲ့ ခံစားချက်တွေ အကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးမှာရော ဝေဠုကျော်ရဲ့ ရည်စားဟောင်း အလှမယ်သင်းသင်းရဲ့ ခံစားချက်တွေကို နားလည်ပြီး အားပေးမယ့်သူတွေ ရှိလားဗျာ။