မန်ယူဟာ ဆီဗီလာ အသင်းရဲ့ တိုက်စစ်မှူး ဘင်ယက်ဒါကို ခေါ်ယူဖို့ ကလပ် နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အင်တာမီလန်နဲ့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး လူကာကူရဲ့ နေရာမှာအစားထိုးဖို့ မန်ယူဘက်က ချိန်ရွယ်နေတာဖြစ်ပြီး ကလပ်အသင်း နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
လူကာကူဟာ အင်တာမီလန် အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်လာပြီး ဖြစ်ပြီး စီးရီးအေကလပ်ဘက်က မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အငှားဆိုင်ရာ ကမ်းလှမ်းမှုပါဝင်တဲ့ ညိနှိုင်းမှုကို ပေးပို့ဖို့တောင် စီစဉ်နေတာဖြစ်တယ်။
အင်္ဂလန်သတင်းဌာနတွေက ဖော်ပြမှုမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး လူကာကူနေရာအတွက် အစားထိုးမှုပြုလုပ်ဖို့ တိုက်စစ်သမား ရှာဖွေခဲ့ရင်းက ဘင်ယက်ဒါအတွက် စာချုပ် လျော်ကြေး ယူရိုသန်း (၄၀) ပေးချေဖို့ ဆန္ဒရှိခဲ့တာဖြစ်တယ်။
၂၀၁၆ ခုနှစ်မှာ လီဂူးကလပ်တူးလော့စ်ကနေ ဆီဗီလာကို ပြောင်းရွှေ့ခဲ့တဲ့ ဘင်ယက်ဒါက ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။