လီဗာပူးအသင်းဟာ ဝက်ဖို့ဒ်အသင်းမှ ဆယ်ကျော်သက်တိုက်စစ်မှူးလေး ဂျာအို ပက်ဒရိုကို ခေါ်ယူဖို့ စောင့်ကြည့်ပေါတယ်။ အသက် ၁၇ နှစ် အရွယ် သာ ရှိသေးတဲ့ ဂျာအိုပတ်ဒရိုဟာ ဆယ်ရက်အတွင်း ခုနစ်ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ် ဖလူမီနိစ်အသင်းမှာ ပွဲထွက်ကစားနေခဲ့သူ ဂျာအို ပက်ဒရိုဟာ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ၂၁၆ မိနစ်မှာ ဂိုးပေါက် တည့်တာ ၁၁ ကြိမ်ရှိခဲ့ပြီး အဲဒီထဲက ခုနစ်ကြိမ်က ဂိုးဖြစ်ခဲ့ကာ ဂိုးသွင်းကြမ်းနေပါတယ်။
ဂျာအို ပက်ဒရိုကို ဝက်ဖို့ဒ်အသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရို ၂.၅ သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းပွဲထွက်ခွင့်ရရှိမှု၊ ဂိုးသွင်းယူနိုင်မှု၊ ဆုဖလားအောင်မြင်မှုတွေအပေါ်မူတည်လို့ သူ့ရဲ့ပြောင်းရွှေ့ကြေးက ယူရို ၇.၅ သန်းထိ မြင့်တက်သွားစရာရှိပါတယ်။
၎င်းဟာ ဖလူမီနိစ် အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာ နှစ်မိနစ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့သလို နောက်ထပ် ငါးမိနစ်အကြာမှာ နောက် တစ်ဂိုး သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမပြီးခင်မှာပဲ သူဟာ ဟက်ထရစ်သွင်းယူထားပြီး ဖြစ်နေပါတယ်။ အဲဒီမတိုင်ခင်က ဖလူမီနိစ် လူငယ် အသင်း အတွက်လည်း ဂိုးတွေတောက်လျှောက်သွင်းယူထားခဲ့တဲ့ ဂျာအို ပက်ဒရိုဟာ ဆယ်ရက်အတွင်း ခုနစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို ရရှိထားတယ်။
ဂျာအို ပက်ဒရိုကို မန်စီးတီး၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတွေက မျက်စိကျနေသလို အခုနောက်ဆုံး လီဗာပူးအသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ပြီလို့ ဘရာဇီးလ် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
ကစားသမားကတော့ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ဝက်ဖို့ဒ်နဲ့ တရားဝင် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လက်ရှိ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆို ထားတာပါ။ စာချုပ်ပါ အချက်အလက်များအရ တကယ်လို့သာ ဖလူမီနိစ် အသင်းဖက်က ယူရိုသန်း ၂၀ လျော်ကြေးပေးနိုင်ရင် ဒီစာချုပ်ကို ပယ်ဖျက်နိုင်မှာလည်းဖြစ်ပါတယ်။
ဒါကြောင့် ဥရောပ ကလပ်အသင်းကြီးတချို့က ဂျာအိုပတ်ဒရိုကို မျက်စိကျလာခဲ့ကြပြီး ဝက်ဖို့ဒ်ကို လျော်ကြေးသန်းနှစ်ဆယ်ပေးကာ ၄င်းကို ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။