မန်ယူနဲ့ စပို့တင်းတို့ဟာ ကွင်းလယ်လူ ဖာနန်ဒက် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေပေမယ့် သတင်းကောင်းတွေ မကြားရသေးတာက မန်ယူဘက်က ဈေးဆစ်နေလို့ဖြစ်ကြောင်း သိရပါတယ်။

အားကစားသတင်းထောက်တွေရဲ့ ထုတ်ပြောမှုအရ မန်ယူဟာ ဖာနန်ဒက်အတွက် ကမ်းလှမ်းမှုကို စတင်ထားခဲ့ပေမယ့် ပေါ်တူဂီကလပ်ကို စိတ်ကျေနပ်စေမယ့် ပြောင်းရွှေ့ကြေး မဟုတ်ခြင်းကြောင့် ငြင်းဆန်ခံခဲ့ရတာပါ။

မန်ယူဟာ ဖာနန်ဒက်အတွက် ယူရို ၃၅ သန်း တန် ကမ်းလှမ်းမှုကို လုပ်ခဲ့တာဖြစ်ပြီး စပို့တင်းဘက်က ပိုများတဲ့ ပြောင်းရွှေ့ကြေး အလိုရှိနေတယ်။ မန်ယူက ကစားသမားကို တစ်နှစ် ယူရို ၆ သန်း တန်ကြေးရှိမယ့် လုပ်ခ ပေးချေဖို့တော့ အဆင်သင့်ဖြစ်နေပါတယ်။

စပို့တင်းဘက်ကတော့ မန်ယူဘက်က ကမ်းလှမ်းထားတဲ့ ယူရို ၃၅ သန်းတန် ကမ်းလှမ်းမှုရဲ့ နှစ်ဆဖြစ်တဲ့ ယူရို သန်း ၇၀ လောက်ထိ ရောက်မယ့် ပြောင်းရွှေ့ကြေးကို မျှော်လင့်နေတယ်လို့ သိရပါတယ်။

စပို့တင်းဟာ ဖာနန်ဒက်နဲ့ စာချုပ်မှာတော့ ကစားသမားကို ရောင်းထုတ်ပြီးရင် ပြောင်းရွှေ့ကြေးထဲက ယူရို ၅ သန်း ပေးမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားတာပါ။