ဒါဘီအသင်းရဲ့ နည်းပြဟာ ချဲလ်ဆီးမန်နေဂျာဖြစ်လာဖို့ ရေပန်းစားမှုတွေရှိနေတဲ့ လမ်းပတ်ဟာ အသင်းမှာ အောင်မြင်မှု ရရှိပါ့မလားဆိုတဲ့ မေးခွန်းအတွက် ကလပ်အသင်း ကစားသမားဟောင်းကြီး မက်ခီလီလီက ထောက်ခံသွားပါတယ်။
မက်ခီလီလီက ” ဆုံးဖြတ်ချက်တွေတော့ မလုပ်ရသေးပါဘူး။ ကျနော်ကတော့ ကစားသမားဟောင်းက အသင်းကို ပြန်ကိုင်တွယ်မယ် ဆိုတာက ပိုကောင်းပါတယ်။ အဲ့ဒီလိုပဲမျှော်လင့်ပါတယ်။ ”
” လမ်းပတ်က ချဲလ်ဆီး အတွက် အရာအားလုံးပေးဆပ်လိုကြောင်း ကျနော် ပြောနိုင်တယ်။ လမ်းပတ်ကို ခေါ်မယ့် အစီအစဉ်တွေအတွက်လည်း ကျေနပ်မိတယ်။ သူက အဆင်သင့်ဖြစ်နေပါပြီ။ ချယ်ဆီးကို အောင်မြင်မှုတွေရအောင် ဘာတွေလုပ်ပေးရမယ်ဆိုတာ သူသိပါတယ်။ ”
” လမ်းပတ်ဟာ အသေးစိတ်ကျတဲ့ အချက်အလက်တွေကစ အာရုံစိုက်တတ်တဲ့ သူပါ။ သူဟာ ချဲလ်ဆီးအတွက် ကောင်းမွန်တဲ့ နည်းပြဖြစ်လာပါလိမ့်မယ် ” လို့ ပြောပြခဲ့ပါတယ်။
မက်ခီလီလီဟာ အသင်းဖော်ဟောင်း ပီတာချက်နှင့်အတူ ချဲလ်ဆီးအသင်းသို့ ပြန်လာနိုင်တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။
လမ်းပတ်ကိစ္စ အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် မနှစ်ကရာသီ အမှတ်ပေးချန်ပီယံနဲ့ ရမှတ် ၂၆ မှတ် ကွာဟခဲ့မှုကို လျော့ချနိုင်မယ်လို့ ယုံကြည်နေကြောင်း မက်ခီလီလီက ထုတ်ပြောခဲ့ပါ တယ်။