မန်စီးတီးတိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ ဂျီဆုနဲ့ အဂွယ်ရိုတို့ဟာ နိုင်ငံအသင်း ဘရာဇီး၊ အာဂျင်တီးနားတို့နဲ့ အတူ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဂျီဆုကတော့ အဂွယ်ရိုအသင်း အာဂျင်တီးနားကို ဖလားပြိုင်ပွဲကနေ ထုတ်ပယ်နိုင်ခဲ့ရင် အသင်းဖော်ကို စနောက်နေတော့မှာ ဖြစ်တယ်လို့ ၀န်ခံပြောဆိုခဲ့ပါတယ်။

မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက ယူအီးအက်ဖ်အေက စီစဉ်နေတဲ့ ဥရောပစူပါလိဂ် ပြိုင်ပွဲ ပုံစံအသစ်ဟာ အသင်းကြီးတွေကို အသားပေးလွန်းပြီး ပြည်တွင်းပြိုင်ပွဲတွေကို မှေးမှိန်သွားစေမယ့် အစီအစဉ် ဖြစ်ကာ ၄င်း သဘောတူခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ တနင်္လာနေမှာ ကွင်းလယ်ကစားသမား ရိုဒရီကို အက်သလက်တီကို အသင်းထံမှနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာတော့မှာ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ပါရှိလာပါတယ်။ စီးတီးဟာ ရိုဒရီရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်း ပေးချေခဲ့ရဖို့ ရှိပါတယ်။

ပက်ဂွာဒီယိုလာက မန်ချက်စတာ စီးတီးမှာ နည်းပြလုပ်ရတာ အဆင်ပြေနေတာဖြစ်သလို ဘာစီလိုနာ ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်ကို ပြန်ဖို့ အတွက် လှပတဲ့ ပရီးမီးယားလိဂ်ကို စွန့်ခွာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ကွန်ပနီနေရာမှာ ကလပ်အသင်းရဲ့ ဝါရင့် ကစားသမားဖြစ်သူ ဒေးဗစ်ဆေးဗားကို ကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။ ၄င်းက မန်စီးတီးအသင်းမှာ နောက်ဆုံးရာသီအဖြစ် ကစားပေးမှာ ဖြစ်ပြီး စီနီယာအသင်းမှာလည်း လူလေးစားခံ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်အသင်းရဲ့ အစွန်လူ ကန်ဆယ်လိုကို ခေါ်ယူဖို့မှာ လွယ်လွယ်ကူကူ ပြီးမြောက်ဖို့ မရှိတော့ပဲ ဘိုင်ယန်မြူနစ်အသင်း ကြားဝင်လာခြင်းကြောင့် ဈေးပြိုင်မှုတွေ လုပ်ရမယ့် အခက်အခဲနဲ့ ရင်ဆိုင်လာရပြီပဲ ဖြစ်ပါတယ်။