ပဲလေ့စ်တိုက်စစ်မှူး ဇာဟာက အသင်းကနေ ထွက်ခွာပြီး အာဆင်နယ်သို့ ပြောင်းရွှေ့လိုကြောင်း ၄င်းဆန္ဒကို ထုတ်ဖော်ပြသထားပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း ဥက္ကဌ စတိဗ် ပဲရစ်စ်ကတော့ ဇာဟာကို ရောင်းချလိုခြင်း မရှိပါဘူး။ ဇာဟာ မရှိရင် ၄င်း အသင်းကို ရောင်းချတဲ့ ကိစ္စမှာ ထိခိုက်စေနိုင်တယ်လို့ ၄င်းက ယူဆနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ အာဆင်နယ် အလိုရှိနေတဲ့ တိုက်စစ်မှူး ဇာဟာကို လက်မလွှတ်လိုတာကြောင့် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၁၀၀ လို့ မြင့်မားစွာ တောင်းဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်းမှ အသက် ၂၀ အရွယ် ပြင်သစ် လူငယ် နောက်ခံလူ ဇာဂါဒူဟာ လန်ဒန်ကလပ်ထံ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် အသင်းမှ ပိုလန်လူငယ်ကြယ်ပွင့် ခရစ္စတီယန် ဘီလစ်ဟာ အသင်းမှာ ခံစစ်မှူးသစ် ခေါ်ယူဖြည့်တင်းမှုတွေ ပြုလုပ်မယ်ဆိုရင် လန်ဒန်ကလပ်ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မူစတာဖီကို တူရကီကလပ် ဖီနာဘာချီအသင်းထံ အငှားနဲ့ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့အတွက် ပြောဆို ဆွေးနွေးမှုများ ပြုလုပ်တော့မှာပါ။ အာဆင်နယ်ကတော့ ၄င်းတို့ ခံစစ်မှူးကို အပြီးသတ် ရောင်းချလိုနေပါတယ်။

လီဗာပူး၊ အာဆင်နယ် တို့နဲ့ အပြိုင် မန်ယူဟာ ဒေါ့မွန်အသင်းရဲ့ အသက် (၂၀) အရွယ် လူငယ်တိုက်စစ်မှူး Jacob Brunn Larsen ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာတော့မယ်လို့ သိရှိရပါတယ်။