မန်ယူ စီနီယာ ကစားသမားတွေဟာ ရာသီကြိုပွဲစဉ်တွေအတွက် လေ့ကျင့်ရေးဆင်းနိုင်ဖို့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ယနေ့ ပြန်လည်စုစည်းခဲ့ကြပါတယ်။ အဆိုပါ ကစားသမားတွေထဲ စီနီယာ ကစားသမား အပြည့်အစုံ ပါဝင်ပါတယ်။

ဘရူနိုဖာနန်ဒက်အတွက် စပို့တင်းဖက်က ယူရိုသန်း (၆၀) ခန့် တောင်းဆိုပေမယ့် မန်ယူကတော့ ခေါင်းမာစွာနဲ့ပဲ ယူရို (၃၅) သန်းခန့်နဲ့သာ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် ပေါက်ကြားလာတဲ့ သတင်းတွေအရတော့ မန်ယူဟာ ဘရူနိုဖာနန်ဒက်ကို ခေါ်ယူရေးကိစ္စမှာ သေချာလုနီးပါး ဖြစ်နေတယ်လို့ သိရှိရပါတယ်။

မန်ယူဟာ ကွင်းလယ်ပိုင်း အားဖြည့်မှုအဖြစ် နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ကို မကြာမီရက်ပိုင်းအတွင်း ခေါ်ယူနိုင်မယ်လို့ အပြည့်အ၀ကို ယုံကြည်နေတာပါ။

လိုင်ယွန်အသင်းဟာ မန်ယူအသင်းရဲ့ ဗဟိုခံစစ်မှူး အဲရစ်ဘိုင်လေကို ခေါ်ယူဖို့အတွက် သူတို့ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

မန်ယူဟာ အသင်းရဲ့ တိုက်စစ်မှူး မားကပ်ရက်ဖိုဒ့်ကို (၄) နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို မြင့်မားတဲ့ လုပ်ခလစာတိုးပေးပြီး ချုပ်ဆိုနိုင်ခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။

(၂၀၁၆) ခုနှစ် ဖေဖော်ဝါရီလမှာ စတင် ပွဲထွက်ခဲ့ချိန်ကစပြီး ရက်ဖိုဒ့်ဟာ (၄၅) ဂိုးသွင်းယူထားပြီး (၂၁) ကြိမ် ထောက်ပံ့ထားနိုင်ခဲ့ပါတယ်။ ဒါဟာ တခြား မန်ယူကစားသမား အားလုံးထပ် ပိုမိုသာလွန်နေတာပါ။

The Times နဲ့ တွေ့ဆုံခဲ့ချိန်မှာ ရက်ဖိုဒ့်ဟာ သူ့ရဲ့နည်းပြ ဆိုးရှားဟာ သူနဲ့ သူ့အသင်းဖော်တွေကို နားလည်မှု ကောင်းကောင်းပေးနိုင်တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း ချီးမွမ်းပြောကြားသွားခဲ့ပါတယ်။

မန်ယူကစားသမားသစ် ဒန်နီရယ်ဂျိမ်းဟာ သရဲနီတို့ရဲ့ ကျောနံပါတ် ၂၁ ဂျာစီကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ကျောနံပါတ် ၂၁ နဲ့ ပက်သက်ပြီး အမှတ်တရတွေ ရှိမယ်ဆိုရင် ပြောခဲ့ကြပါဦး။

မန်ယူဂန္တ၀င်ကြီး ၀ိန်းရွန်နီရဲ့ ပင်နယ်တီသွင်းဂိုး သွင်းယူအပြီးမှာ သူ့လက်ရှိကလပ် DC United ပရိတ်သတ်တွေဟာ ဘီယာတွေဖျန်းပက်ပြီး ပျော်ပျော်ပါးပါး အောင်ပွဲခံခဲ့ကြပါတယ်။