ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးကွင်းလယ်ကစားသမား နာဘီကီတာဟာ အသင်းရဲ့ ရာသီအစ ပွဲစဉ်တွေကို လွဲချော်သွားနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ရာသီကြိုပွဲစဉ်တွေအတွက် လေ့ကျင်းခန်းဆင်းဖို့ ပြီးခဲ့တဲ့ စနေနေ့က ပြန်လည်ပြီး စုစည်းခဲ့ပေမယ့် စီနီယာကစားသမား အချို့ကတော့ နိုင်ငံပွဲစဉ်တွေကြောင့် ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

လီဗာပူးအသင်းရဲ့ ဗဟိုနောက်ခံလူ လိုဗရန်ဟာ အေစီမီလန်အသင်းကို ပေါင် (၂၅) သန်းနဲ့ ပြောင်းရွေ့ဖို့ ပိုမိုနီးစပ်လာပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဘိုင်ယန်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ အာဂျန်ရော်ဘင်ကတော့ ယာဂင်ကလာခ့်ရဲ့ လက်အောက်မှာ မကစားခဲ့ဖူးတဲ့အတွက် နောင်တရမိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သူဟာ လီဗာပူးကို ပြောင်းရွေ့လာနိုင်ချေတော့ မရှိပါဘူး။

လီဗာပူးတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆာလက်နဲ့ မာနေးတို့ (၂) ဦးလုံးဟာ AFCON ပြိုင်ပွဲမှာ သွင်းဂိုး (၂) ဂိုးစီ ရယူထားနိုင်ခဲ့ပါပြီ။ ဘယ်သူက သွင်းဂိုးတွေ ပိုမိုရယူသွားနိုင်ပါမလဲ?

လီဗာပူးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ နည်းပြဟောင်း ရာဖေလ်းဘင်နီတက်ဟာ ယခုအခါမှာ တရုတ်အသင်း Dalian Yifang ရဲ့ နည်းပြ ဖြစ်သွားခဲ့ပါပြီ။

လီဗာပူးအသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား မိုရီနိုကတော့ အသင်းဟာ သူ့ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေမှာဖြစ်ပြီး သူဟာ အသင်းရဲ့ ထာဝရပရိတ်သတ် ဖြစ်နေမှာပါလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လီဗာပူးအသင်းကို ပြောင်းရွေ့လာခဲ့တဲ့ လူငယ်ကစားသမားလေး ဗန်ဒန်ဘယ်ရာကို ယူနိုက်တက် နောက်ခံလူ နယ်သာလန်သာကြီး ဂျမ်းစတမ်းက အရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လိုင်လီစတား နီကိုးလပ်ပီပီကို ခေါ်ယူနိုင်ဖို့အတွက် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။