မန်ယူဟာ ဒီအပတ်မှာပဲ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်အတွက် ပထမဆုံး ကမ်းလှမ်းမှုကို စတင်သွားတော့မှာ ဖြစ်ပြီး အခြားသော ကွင်းလယ်လူတွေကို ခေါ်ယူဖို့ကိစ္စအား ခေတ္တရပ်တန့်ထားမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ မန်ယူဟာ ရာသီကြိုပြင်ဆင်မှုတွေ စတင်ဖို့ရာ သြစတြေးလျကို စတင်ထွက်ခွာမှာပါ။ အဆိုပါ ခရီးစဉ် မတိုင်မှီ တတိယမြောက် ခေါ်ယူမှုကိုပါ အပြီးသတ်ဖို့ မျှော်လင့်ပြီး လောင်းစတပ်ကိုပါ ဂျိမ်း၊ ဘစ်ဆာကာနည်းတူ ခေါ်ယူသွားနိုင်ဖို့ လှုပ်ရှားမှာဖြစ်ပါတယ်။
မန်နေဂျာဆိုးရှားဟာ ရာသီကြို ခရီးစဉ် မတိုင်ခင် ဗုဒ္ဓဟူးနေ့မှာ အသင်းထံ ပြန်လာရမယ့် ကွင်းလယ်လူ ပေါ့ဘာနဲ့ စကားပြောမှာဖြစ်ပါတယ်။ မန်ယူရဲ့ ရာသီကြိုပြင်ဆင်မှု စတင်နေပေမယ့် အရင်လက နိုင်ငံတကာပွဲစဉ်တွေကို ပေါ့ဘာ ပါဝင်ထားလို့ သူက အားလပ်ရက် ပိုရနေတာဖြစ်တယ်။
မန်ယူက လက်တလောမှာ နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ကို ပထမဆုံး ခေါ်ယူမှာဖြစ်ပြီး ပေါ့ဘာ ထွက်ခွာသွားပါက ကွင်းလယ်တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ထိပ်တန်း ကစားသမားတွေကို ထပ်ခေါ်ဖို့ ရည်ရွယ်ပါတယ်။
မန်ယူဘက်က ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၆၀ ထိ ဈေးခေါ်ထားတာဖြစ်တယ်။ သူ့နေရာမှာ ပြန်အစားထိုးဖို့ မန်နေဂျာဆိုးရှားက ဖာနန်ဒက်စ်ကို အကြိုက်တွေ့ပြီး မန်ယူအသင်း တာဝန်ရှိသူတွေက တီကိုမှ ဆောကို ပိုလိုချင်နေပါတယ်။