ဒီအပတ် တနင်္ဂနွေနေ့မှာ ရာသီကြို ပြင်ဆင်မှု စတင်ဖို့ သြစတြေးလျကို ထွက်ခွာသွားရမယ့် မန်ယူအသင်းအတွက် တတိယမြောက် ခေါ်ယူမှုကို အဆိုပါ ရက်မတိုင်ခင် အပြီးသတ်ပေးဖို့ မန်နေဂျာဆိုးရှားက တောင်းဆိုခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာ ဂျိမ်း၊ ဘစ်ဆာကာတို့လို လူငယ်ကစားသမားတွေကို ခေါ်ယူပြီးတဲ့နောက် ရာသီကြို မသွားခင်မှာ နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ကို ခေါ်ယူခြင်းကိစ္စတွေအား အပြတ်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မန်နေဂျာ ဆိုးရှားဟာ လူငယ်တွေကို အဓိက ခေါ်ယူဖို့နဲ့ home-grown ကစားသမားတွေ အင်အားဖြည့်ဖို့ ကြိုးစားမှုမှာ လောင်းစတပ်ကို စိတ်ဝင်စားလာတာပါ။ လက်တလောမှာ နယူးကာဆယ်ကွင်းလယ်လူ လောင်းစတပ်ကို ပထမဆုံး ခေါ်ယူမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ဖာနန်ဒက်စ်ကို ထပ်မံကာ ခေါ်ယူမှာဖြစ်တယ်။

လောင်းစတပ်အတွက် ပေါင် ၂၅ သန်းထိ တန်ကြေးရောက်မယ့် ကမ်းလှမ်းမှုကို ပေးဖို့ ပြင်ဆင်ခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ အပြင် ထပ်ဆောင်းပေးချေမှုတွေ ပါဝင်မှာဖြစ်ပါတယ်။