မန်ယူဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်နဲ့ အပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ပြီလို့ Mirror သတင်းဌာနက ဖော်ပြသွားပါတယ်။
မန်ယူဟာ တနင်္ဂနွေနေ့မှာ စတင်မယ့် သြစတြေးလျ ရာသီကြိုပြင်ဆင်မှု ခရီးစဉ်မတိုင်ခင် နောက်ထပ် ခေါ်ယူမှုတွေကို အာရုံစိုက်လာတာပါ။ အပြောင်းအရွှေ့ ခေါ်ယူမှုနှစ်ခုကို အပြီးသတ်ထားတဲ့ မန်ယူဟာ အသက် ၂၄ နှစ်အရွယ် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တာဖြစ်တယ်။
ပေါ်တူဂီ လက်ရွေးစင်ကိုတော့ ဖန်တီးမှုတွေ လုပ်ပေးနိုင်မယ့် ကွင်းလယ်လူအဖြစ် မန်နေဂျာဆိုးရှားက ခေါ်ယူလိုနေတာဖြစ်တယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မနှစ်တုန်းက တစ်ရာသီလုံး ပြိုင်ပွဲစုံ ၃၂ ဂိုး သွင်းယူပြီး ပေါ်တူဂီကို နေးရှင်းလိဂ်ရဲ့ ပထမဆုံး ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
မန်ယူဟာ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမှုတွေလုပ်ထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ဆွေးနွေးနိုင်ခဲ့တာဖြစ်တယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးကိုတော့ ဆက်ဆွေးနွေးရပါမယ်။
မန်နေဂျာဆိုးရှားဟာ ကလပ်အသင်းအတွက် နောက်ထပ် ခေါ်ယူမှုတွေအဖြစ် ဖန်တီးမှုမြင့်တဲ့ ကွင်းလယ်လူနဲ့ ခံစစ်ပိုင်း အားကိုးရမယ့် ကွင်းလယ်လူဆိုပြီး ကစားသမား နှစ်ဦးကို ထပ်မံ ခေါ်ယူလိုနေတယ်။