မန်စီးတီး တိုက်စစ်သမား ရာဟင်း စတားလင်းက အင်္ဂလန်ပြင်ပ နိုင်ငံရပ်ခြားမှာ သွားရောက် ကစားဖို့က ၄င်း အိပ်မက် တစ်ခု ဖြစ်တယ်လို့ ၀န်ခံ လိုက်သော်လည်း လောလောဆယ်မှာတော့ မန်စီးတီးအတွက် ကစားရတဲ့ မိနစ်တိုင်းမှာ နှစ်ခြိုက်ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်မှ ဗဟိုခံစစ်မှူး Leo Bonucci ကို တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေတဲ့ အဆိုပါ ခံစစ်မှူးအတွက် ဂျူဗင်တပ်က ယူရို သန်း ၅၀-၆၀ ၀န်းကျင် ရရှိမှသာ ရောင်းချမှာ ဖြစ်ပါတယ်။

ဘရာဇီးသား တိုက်စစ်သမား နေမာက ဒီနွေမှာ ပီအက်စ်ဂျီကနေ ကလပ်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်ပြောင်းရွှေ့နိုင်ခဲ့ရင်တောင် ယခင်လို ခြေစွမ်းတောက်ပမှုမျိုး ရနိုင်ဖို့ မသေချာကြောင်း ဂွာဒီယိုလာက အသင်းဟောင်းနဲ့ ပတ်သတ်ပြီး မှတ်ချက်ပြုလိုက်ပါတယ်။

မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာက လက်ရှိကလပ်အသင်းမှာ အလွန် ပျော်ရွှင်ပြီး အထိုင်ကျနေကြောင်း ၄င်းရဲ့ လက်ထောက် ဟောင်း တော်ရန့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီးနဲ့ မန်ယူအသင်းတို့ဟာ လက်စတာခံစစ်မှူး မက်ဂွဲယားအတွက် ပေါင် ၆၅သန်းနဲ့ ကမ်းလှမ်းထားပြီး လက်စတာရဲ့ တုန့်ပြန်မှု စောင့်ဆိုင်းနေချိန်မှာပဲ မန်ယူက ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်လိုက်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်စတာက ပယ်ချထားပါတယ်။

မန်စီးတီးအသင်းဟာ စပို့တင်းလစ္စဘွန်းမှ ပေါ်တူဂီ U19 တိုက်စစ်သမား ဖိလစ် ကော်ရီရာကို ခေါ်ယူဖို့ နီးစပ်နေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြလာပါတယ်။ ၄င်းက စီးတီးအသင်းကြီး အတွက်တော့ ချက်ချင်း အခွင့်အရေး ရမှာ မဟုတ်ဘဲ အငှား ပြန်စေလွှတ်ဖွယ် ရှိပါတယ်။