ချယ်ဆီးအသင်းက ဒီနွေမှာ အသင်းက ထွက်ခွာခွင့်ပြုလိုက်တဲ့ ကစားသမား ၅ ယောက် အဖြစ် ဟီဂူအင်၊ ကာဟေးလ်၊ ဂိုးသမား ရော့ဘ် ဂရင်း၊ အယ်ဂျူရာဒို၊ ကိုင်လီစကော့ တို့ကို အတည်ပြု ကြေငြာပြီး နှုတ်ဆက်လိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ကစားသမားဟောင်းကြီး ဖရန့် လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း ဒီရက်ပိုင်းအတွင်းမှာပဲ တရားဝင် ကြေငြာသွားမှာဖြစ်ပြီး တနှစ်လုပ်ခ ပေါင် (၄)သန်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ အကယ်ဒမီ ကစားသမားများ ဖြစ်ကြတဲ့ Juan Castillo၊ George McEachran နဲ့ Tariq Uwakwe တို့ကို ၃ နှစ် စာချုပ်များ အသီးသီး ချုပ်ဆိုလိုက်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။
မန်ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာ နဲ့ အတူ တွဲကစားဖို့အတွက် အန်ဂိုလို ကန်တေရဲ့ အပြောင်းအရွှေ့ကို စဉ်းစားသင့်တယ်လို့ မန်ယူ ဂိုးသမားဟောင်း Mark Bosnich က တိုက်တွန်းလိုက်ပါတယ်။
ချယ်ဆီး တောင်ပံ တိုက်စစ်သမား ဗစ်တာမော့ဆက်ဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းမှာပဲ အငှားဆက်လက်ကစားတော့မယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ချယ်ဆီး ဗဟိုခံစစ်မှူး ဇူးမားကို အပြီးသတ် ၀ယ်ယူခွင့် ရဖို့ ဒီနွေမှာ ဦးစားပေး သတ်မှတ်ထားကာ ကြိုးစားနေပါတယ်။ ၄င်းက ပြီးခဲ့တဲ့ ရာသီ ဂွတ်ဒီဆင်ပါ့ခ်မှာ အငှားကစားကာ မာကိုဆေးဗားအသင်းမှာ အရေးပါလာသူ ဖြစ်ပါတယ်။