အာဆင်နယ်အသင်းဟာ ဒီနွေ အပြောင်းအရွှေ့စရိတ်နဲ့ ကစားသမားရောင်းချမှုက ရရှိငွေ အားလုံးကို ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ တစ်ယောက် တည်းကို ၀ယ်ယူဖို့ ပုံအောမသုံးစွဲသင့်ကြောင်း ဂန်းနားဟောင်းကြီး ရေးပါလာက သတိပေးလိုက်ပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး ၀ီလီယံ ဆာလီဘာကို ၄င်းရဲ့ လက်ရှိကလပ်အသင်း စိန့်အီတီနီက အသင်းမှာ ဆက်ထိန်း ထားလိုကြောင်း လေသံပစ်ခဲ့ပြီး တိုးတက်ရိပ်ရှိနေသေးတဲ့ ကစားသမားကို အလောတကြီး ရောင်းထုတ်ဖွယ် မရှိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကနေ ထွက်ခွာလာလို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိနိုင်မယ့် ကွင်းလယ်တိုက်စစ်သမား ရာဆင်း ဘရာဟိမီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အသက် ၂၉ နှစ်အရွယ် အယ်ဂျီးရီးယား လက်ရွေးစင် ဘရာဟိမီဟာ ပြီးခဲ့တဲ့ရာသီ ပေါ်တိုအသင်း အတွက် ၄၉ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူ ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ မိုနာကို ကစားသမား ကီတာဘလိတ်ကိုလည်း ခေါ်ယူဖို့ ဒီရက်ပိုင်းမှာပဲ ကြိုးစား နေခဲ့ပါတယ်။

ပေါင် သန်း ၈၀ ဈေးဆိုထားတဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို အာဆင်နယ်က အပြောင်းအရွှေ့ စရိတ် ရထားတဲ့ ပေါင် သန်း ၄၀ လုံးနဲ့ စတင် ကမ်းလှမ်းခဲ့သော်လည်း ပဲလေ့စ်ဘက်က ပယ်ချသွားပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဆဲလ်တစ် ခံစစ်မှူး တီရာနေးကို နာပိုလီက ကြားဖြတ် ၀င်ရောက် ခေါ်ယူလိုနေပါတယ်။ အာဆင်နယ်က ၄င်းအတွက် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ဆဲလ်တစ်က ၄င်းတို့ ကစားသမားအတွက် ပေါင် ၂၅ သန်း အလိုရှိနေတာပါ။

အာဆင်နယ်နဲ့ စပါး မြောက်လန်ဒန် ဒါဘီအသင်းတွေဟာ ဘာစီလိုနာမှ မယ်ကွန်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ဖြစ်လာကြပြီး အရမ်းမမြင့်တဲ့ ဈေးနှုန်း တစ်ရပ်နဲ့အတူ ကမ်းလှမ်းမှုတွေ ပေးပို့မယ်လို့ လန်ဒန်သတင်းတွေမှာ ဖော်ပြလာပါတယ်။