မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းဟာ PES2020 ဂိမ်းမှာ ဂန္တဝင်ကစားသမားအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

မန်ယူက ဟယ်ရီမက်ဂွိုင်းယားအတွက် ပေါင်သန်း (၇၀) ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လက်စတာစီးတီးကတော့ ငြင်းပယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ လက်စတာက နောက်ထပ် (၅) သန်းကနေ (၁၀) သန်းကြား ထပ်မံအလိုရှိနေတာပါ။

အင်တာမီလန်အသင်းဟာ လူကာကူအတွက် ကမ်းလှမ်းမှုတွေကို အရှိန်မြင့်ဖို့ လုပ်ဆောင်နေပြီး ရာသီကြိုပွဲစဉ်တွေ မစတင်မှီ အရခေါ်ယူဖို့ ပြင်ဆင်လာနေပါတယ်။

ဆိုးရှားကတော့ သူ့ရဲ့ပစ်မှတ်ဖြစ်တဲ့ နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ကို ယခုအပတ်အတွင်း အပြီးသတ်ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုလိုက်တယ်လို့ သိရှိရပါတယ်။

မန်ယူဟာ သူတို့ရဲ့ အဓိကပစ်မှတ်တစ်ခုဖြစ်တဲ့ ဘရူနိုဖာနန်ဒက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကိုတော့ ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

နာမည်ကြီး PES ဂိမ်းကို ရေးဆွဲသူဖြစ်တဲ့ Konami က မန်ယူအသင်းနဲ့ ကာလရှည်ကြာ patnership စာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့ပြီလို့ တရားဝင် ဖော်ပြလိုက်ပါတယ်။

အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်တဲ့ မားကပ်ရက်ဖိုဒ့်ကတော့ သူ့ရဲ့ ရည်မှန်းချက်ဟာ မန်ယူနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေ ရယူဖို့ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူဟာ သူတို့ရဲ့ ယူ (၂၃) အသင်းနည်းပြအဖြစ် ဂန္တ၀င်နောက်ခံလူဟောင်း နီမန်ဂျာဗီဒစ်ကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

နည်းပြဆိုးရှားက လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ မားကပ်ရက်ဖိုဒ့်ဟာ သူရဲ့မျိုးဆက်မှာ ပင်ကိုယ်စွမ်းရည် အကောင်းမွန်ဆုံး ကစားသမားလို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

မန်ယူဟာ ယခုအချိန်ထိ သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာ ရာထူးကို ခန့်အပ်နိုင်ခြင်း မရှိသေးပဲ ဂန္တ၀င် ကစားသမားဟောင်း ဖာဒီနန်ကတော့ ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။