မန်ယူဟာ ဘက်တစ်ကွင်းလယ်ကစားသမား လိုဆယ်ဆိုကို ယူရို (၇၅) သန်း ပမာဏလောက်နဲ့ တရားဝင်ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့ စပိန်သတင်းတွေက ဖော်ပြနေကြပါပြီ။
မန်ယူအသင်းဟာ စပိန် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်ကစားသမား ဒါနီ အော်လ်မိုကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးရှားဟာ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူဖို့ လှုပ်ရှားနေဆဲ ဖြစ်ပြီး ပစ်မှတ် ကစားသမားတွေထဲမှာ စပိန်သား ဒါနီအော်လ်မို ပါဝင်နေတာ ဖြစ်ပါတယ်။
မန်ယူက ရောင်းချဖို့ အလိုမရှိပေမယ့် ပေါ့ဘာဟာ အသင်းကို စွန့်ခွာဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး ယခု သီတင်းပတ်အတွင်း နည်းပြဆိုးရှားနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းထွက်နေပါတယ်။
စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေမှုတွေ ရှိနေဆဲ ဖြစ်ပေမယ့် မန်ယူဟာ အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ လုံးဝ လက်လျှော့ဦးမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပေးပို့မယ့် စာချုပ်ဟာ ဂိုးသမားတွေထဲမှာတော့ စံချိန်တင် ပေးချေမှု ပါဝင်မှာဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ တတိယမြောက် ခေါ်ယူမှုဟာ အရင်နှစ်ကြိမ် ခေါ်ယူမှုတွေဖြစ်တဲ့ တောင်ပံသမား ဂျိမ်း၊ ခံစစ်သမား ဘစ်ဆာကာတို့ထက် ပိုကြီးမားတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။
မန်ယူဟာ အသင်းရဲ့ခံစစ်အတွက် မက်ဂွဲရားကို ခေါ်ယူဖို့ အဆင်မပြေဖြစ်နေတဲ့နောက် နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် ၀က်စ်ဟမ်းနောက်ခံလူ အစ်ဆာဒီအောပ့်ကို ပစ်မှတ်ထားလာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဒီရာသီမှာပဲ အသင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး ဂျိမ်းဝီဆန်ဟာ စကော့တလန်ကလပ် Aberdeen F.C. အသင်းထံ ၂ နှစ်စာချုပ်ဖြင့် ရောက်ရှိခဲ့ပြီ ဖြစ်ပါတ်။
စပါးကွင်းလယ်တိုက်စစ်သမား အဲရစ်ဆန်ရဲ့ အေးဂျင့် ဖြစ်သူက ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်က မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာကိုလည်း ခေါ်ယူဖို့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲပါ။
မန်ယူကနေ ထွက်ခွာလာတဲ့ ကွင်းလယ်ကစားသမား ဟာရဲရားဟာ ဒီတပတ်ထဲမှာပဲ ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိကြောင်း တရားဝင်ကြေငြာတော့မှာ ဖြစ်ပါတယ်။