မန်ယူအသင်းရဲ့ တတိယမြောက် ခေါ်ယူမှုဟာ အရင်နှစ်ကြိမ် ခေါ်ယူမှုတွေဖြစ်တဲ့ တောင်ပံသမား ဂျိမ်း၊ ခံစစ်သမား ဘစ်ဆာကာတို့ထက် ပိုကြီးမားတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။
မန်ယူဟာ ဒီရက်ပိုင်းမှာ စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်နဲ့ လက်စတာခံစစ်သမား မက်ဂွဲရားတို့ကို ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်တယ်။ သူတို့နှစ်ဦးရဲ့ ပြောင်းရွှေ့ကြေးတွေက ပေါင် သန်း ၆၀ နဲ့ ၇၀ တွေထိ ဈေးခေါ်ခြင်း ခံနေရတာဖြစ်တယ်။
မန်ယူဟာ တနင်္ဂနွေနေ့မှာ စတင်မယ့် သြစတြေးလျ ရာသီကြိုပြင်ဆင်မှု ခရီးစဉ်မတိုင်ခင် နောက်ထပ် ခေါ်ယူမှုတွေကို အာရုံစိုက်လာတာပါ။ အပြောင်းအရွှေ့ ခေါ်ယူမှုနှစ်ခုကို အပြီးသတ်ထားတဲ့ မန်ယူဟာ ဖာနန်ဒက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့သလို မက်ဂွဲရားကိုလည်း ကမ်းလှမ်းမှု စထားတာဖြစ်တယ်။
မန်ယူဟာ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံမှုတွေလုပ်ထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ဆွေးနွေးနိုင်ခဲ့တာဖြစ်တယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးကိုတော့ ဆက်ဆွေးနွေးရပါမယ်။
မန်နေဂျာဆိုးရှားဟာ ကလပ်အသင်းအတွက် ဖန်တီးမှုမြင့်တဲ့ ကွင်းလယ်လူအဖြစ် မနှစ်တုန်းက တစ်ရာသီလုံး ပြိုင်ပွဲစုံ ၃၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်အားသန် ကစားသမားကို ချိတ်ဆက်နေပါတယ်။ အဓိကအားဖြင့် ပြောင်းရွှေ့ကြေး ညိနှိုင်းမရပဲ စပို့တင်းဘက်က ပေါင် ၆၀ သန်းလောက်ထိ ဈေးခေါ်နေတာပါ။
မန်ယူဟာ လက်စတာခံစစ်သမား မက်ဂွဲရားအတွက် ပေါင် ၇၀ တန်း တန်ကြေးရှိမယ့် ကမ်းလှမ်းမှုကို လုပ်ခဲ့ပေမယ့် ချက်ခြင်းဆိုသလိုပဲ ပယ်ချခံခဲ့ရပြီး လက်စတာဘက်က ပေါင် ၉၀ သန်း ပေးဖို့ မန်ယူကို တောင်းဆိုခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ နှစ်ခုဟာ လာမယ့် ရက်တွေအတွင်း တိုးတက်မှုတွေ ရှိလာနိုင်ပြီး ကလပ်အသင်းရဲ့ တတိယမြောက် ခေါ်ယူမှုဟာ အရင် ခေါ်ယူမှု နှစ်ခုထက်တောင် ပိုကြီးမားနိုင်တယ်လို့ သိထားရတယ်။ မန်ယူဟာ လောင်းစတပ်ကိုလည်း ဒီအပတ်မှာပဲ တရားဝင် ကမ်းလှမ်းမယ်လို့ Daily Mail သတင်းက ဖော်ပြခဲ့ပါတယ်။