မန်ယူ ပရိသတ်တွေ ချစ်ခင်ကြတဲ့ ခံစစ်မှူးဟောင်း နီမန်ဂျာ ဗီဒစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက် အဖြစ် ရှိနေဆဲပါ။ ဗီဒစ်ဟာ ဖာဂူဆန် လက်အောက်မှာ ပရီးမီးယားလိဂ် လေးကြိမ်၊ လိဂ်ဖလား သုံးကြိမ်နဲ့ ချန်ပီယံလိဂ်တို့ ရရှိခဲ့ပြီး ဆယ်စုနှစ် တစ်ခုနီးပါး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂-၂၀၁၃ ရာသီကုန်မှာ ဂန္တဝင် နည်းပြကြီး အနားယူခဲ့တဲ့နောက် နောက်တစ်ရာသီမှာ သူ့စာချုပ် သက်တမ်းကုန်ကာ အသင်းကနေ ထွက်ခွာခဲ့တာပါ။ မန်ယူ ဗဟိုခံစစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကိုးရာသီတာ သြဇာရှိခဲ့သူ ဖြစ်ပြီး တိုက်စစ်ကစားသမားတွေအတွက် ရှိန်ရတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့ပါတယ်။
မန်ယူကနေ ထွက်ခွာပြီးနောက် ဗီဒစ်ဟာ အင်တာမီလန်ကို ရောက်ရှိခဲ့ပြီး ၂၃ပွဲ ကစားခဲ့ရပေမယ့် နည်းပြသစ် ရောဘတ်တို မန်စီနီ ရောက်လာတဲ့အခါမှာတော့ နေရာ မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခွင့်အရေးရတာနဲ့ ဗီဒစ်က အမိအရ ဆုပ်ကိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် အရည်အသွေးကို မန်စီနီသိအောင် ပြသနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ပြန်ရဖို့ အပြောင်းအရွှေ့ သတင်းတွေတောင် ထွက်ခဲ့ပါတယ်။
နီနက် လာလာတိုဗစ်ရဲ့ ပြောစကားအရ မေလမှာ မန်ချက်စတာ ယူနိုက်တက် U23 အသင်းကို နည်းပြဖို့ ဗီဒစ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
“သူ့ကို မန်ယူ ဘီ အသင်းအတွက် ကမ်းလှမ်းခဲ့ပါတယ်။ တကယ်လို့ သူ နည်းပြလုပ်ချင်တယ်ဆိုရင် ဒါက သူ့အတွက် အကေင်းဆုံး အခွင့်အရေး ပဲလို့ ကျနော် ပြောခဲ့တယ်။ ဒါပေမယ့် သူက ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ဗီဒစ်က မီလန်မှာပါ။ နည်းပြ ဖြစ်လာမလား ဆိုတာ သူ စဉ်းစားနေတုန်းပဲ။”
‘ဒါက အင်္ဂလန်ကိုပြန်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။ တစ်နေ့ကျရင် မန်ချက်စတာ ယူနိုက်တက်ကို မင်း တာဝန်ယူရလိမ့်မယ်။ မင်းက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူပဲ။’လို့ ကျနော် သူ့ကို ပြောပြခဲ့တယ်။ သူ့အနေနဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး တစ်နေ့မှာ မန်ယူနိုက်တက်ကို ပြန်လာဖို့ ကျနော် အားပေးပါတယ်။ ” လို့ ဆိုပါတယ်။
အသက် ၃၇နှစ်အရွယ် ဗီဒစ်က မန်ယူအသင်းရဲ့ နောက်ပိုင်း ဆုတ်ယုတ်လာမှုတွေအကြောင်းနဲ့ ပတ်သက်ပြီး – “ဆာအဲလက်စ် ဖာဂူဆန် ခေတ်အကြောင်းကို ပြောပြီး လွန်ခဲ့တဲ့ သုံးလေးနှစ်က အခြေအနေနဲ့ နှိုင်းလိုက်ရင် မန်ယူက အခုချိန်မှာ ပရိသတ်တွေ မျှော်လင့်တဲ့ အဆင့်အတန်းမှာ ရှိမနေပါဘူး။ ကလပ်က အောင်မြင်အောင်လုပ်ဖို့ စတင်နေပြီဆိုတာ ကျနော်တို့ ယုံကြည်ရမယ်။ အရိုးသားဆုံး ပြောရင် အနာဂတ်မှာ နည်းပြ ဖြစ်ချင်ပါတယ်။ ” လို့ မနှစ်တုန်းက ပြောခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၆ ဇန်နဝါရီမှာ အသက် ၃၄နှစ် အရွယ် ကစားသမားဟာ မီလန်နဲ့ သဘောတူညီမှုယူကာ လမ်းခွဲခဲ့ပြီး နှစ်ပတ်အကြာ အနားယူဖို့ ကြေညာခဲ့ပါတယ်။ ဆိုသည့်တိုင်အောင် အောင်မြင်မှုတွေရှိခဲ့တဲ့ အသင်းဟောင်း တစ်ခုဆီ ပြန်ရောက်လာဖို့ ဖြစ်နိုင်ခြေ ရှိနေပါတယ်။