ဟာဇက် ထွက်ခွာသွားပြီးနောက် ပရီးမီးယားလိဂ် ဖန်တက်စီဂိမ်းမှာ ချယ်ဆီးအသင်း ဈေးအမြင့်ဆုံး ကစားသမားများ အဖြစ် ၀ီလီယံ၊ ပက်ဒရို၊ ဂျီရူးတို့က ပေါင် ၇ သန်းစီ တန်ကြေးနဲ့ ရပ်တည်နေပါတယ်။
ချယ်ဆီးအသင်းနဲ့ ဖရန့် လမ်းပတ်တို့အကြား ၃ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ပြီး နည်းပြသစ်ဟာ လန်ဒန် ကလပ်မှာ တစ်နှစ်လုပ်ခ ပေါင် ၄ သန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
လမ်းပတ်ဟာ ချယ်ဆီးနည်းပြ အဖြစ် တာဝန်ယူရင် လူငယ်တွေရဲ့ တိုးတက်မှုကို အလေးထား အာရုံစိုက်ရန် ကြံရွယ်ထားကြောင်း သိရပါတယ်။ အသင်း ဂိုးသမားဟောင်းကြီး ရှေးဂစ်ဗင်ကလည်း လမ်းပတ်ရဲ့ နည်းပြ အဖွဲ့ထဲ ပါဝင်ဖို့ အခွင့်အရေး ရထားပေမယ့် ငြင်းပယ်ထားပါတယ်။
ချယ်ဆီးဟာ လော့တပ်ချိစ်ကို ငါးနှစ်စာချုပ်နဲ့အတူ ချုပ်ဆိုနိုင်ကြောင်းကိုလည်း ကြေညာချက် ထုတ်ပြန်မှာဖြစ်တယ်။ လော့တပ်ချိစ်နဲ့ ချယ်ဆီး အသင်းကြား နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကဖြစ်ပြီး တစ်ပတ်ကို လုပ်ခ ပေါင် ၆၀၀၀၀ ရရှိနေတာပါ။ စာချုပ် သစ် မှာတော့ လော့တပ်ချိစ်ဟာ ယခင်ကထက် နှစ်ဆခွဲခန့် တိုးမြင့်ရမှာဖြစ်ပြီး တစ်ပတ်ကို ပေါင် ၁၅၀၀၀၀ ခွဲထိ ရရှိမှာဖြစ်တယ်။
ချယ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူနစ်က အလေးအနက်ထား ချိတ်ဆက်နေတဲ လူငယ်တောင်ပံသမား အိုဒွိုင်းကိုလည်း ငါးနှစ်စာချုပ် ပေးနိုင်ဖို့ ကြိုးစားနေပြီး တစ်ပတ်ကို ပေါင် တစ်သိန်းထိ လုပ်ခ တိုးမြင့်ပေးမှာဖြစ်တယ်။ ဒါ့အပြင် ညာအစွန်လူ ရိစ်ဂျိမ်းကိုလည်း စာချုပ်သစ် ပေးအပ်သွားမယ်လို့ သိရပါတယ်။