ဗီလာအသင်းကို အငှားထွက်ကစားနေတဲ့ မန်ယူလူငယ် ခံစစ်သမားလေး တွန်ဇီဘီဟာ နောက်ရာသီ အငှားဆက်နေဖို့ ဖြစ်လာနိုင်ဖွယ် ရှိနေပါပြီ။

ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ရဲ့ တိုက်စစ်မှူး ဒိုင်ဘားလားအပြင် ငွေကြေး ပေါင်သန်း (၇၀) ကိုပါ အလိုက်ပေးကမ်းလှမ်းတော့မယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

ရီးရဲမက်ဒရစ်ကလည်း ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ဂါးရက်ဘေလ်းအပြင် ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ပြန်လည်ပေါ်ထွက်လာနေပြန်ပါပြီ။

မန်ယူက အသည်းအသန် ခေါ်ယူချင်နေတဲ့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားက အသင်းကနေ ထွက်ခွာလိုနေကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ယခု အပြောင်းအရွေ့မှာ မန်ယူနိုက်တက်ကို စွန့်ခွာနိုင်ချေ ရှိနေတဲ့ နောက်ခံလူ ဒါမီယန်ကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ အပြိုင်အဆိုင် ကြိုးစားကြဖွယ် ရှိနေပါပြီ။

အသက် (၂၁) အရွယ် စပိန်လူငယ် တောင်ပံတိုက်စစ်သမား ဒန်နီအော်မိုကတော့ မန်ယူက သူ့ကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သူဘာမှကို မသိဘူးလို့ ပြောကြားလိုက်ပါတယ်။

နောက်နှစ် ဇွန် (၃၀) မှာ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ် ဂိုးသမား ဒီဂီယာဟာ တစ်ပါတ်လုပ်ခ ပေါင် (၃၅၀၀၀၀) နဲ့ (၅) နှစ်သက်တမ်းတိုးဖို့ နီးစပ်မှုရှိလာပြီလို့ သိရပါတယ်။

လိုင်ယွန်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မန်ယူ ခံစစ်မှူး ဘိုင်လေကတော့ အသင်းပြောင်းလိုခြင်း မရှိဘူးလို့ သိရှိရပါတယ်။

ဆိုးရှားဟာ တိုက်စစ်မှူး လူကာကူသာ ထွက်ခွာသွားခဲ့ပါက အစားထိုးနိုင်ဖို့ လိုင်ယွန်တိုက်စစ်မှူး မော့ဆာဒမ်ဘီလီနဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်စ်ပီပီတို့ကို ပစ်မှတ်ထားနေပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗလန်စီယာရဲ့ ကလပ်အသင်း ဖြစ်လာခဲ့တဲ့ Liga de Quito က သူတို့အသင်းဟာ နောက်ရာသီမှာ ယူနိုက်တက်နဲ့ ခြေစွမ်းပွဲ ကစားခွင့်ရမယ်လို့ ပြောကြားလိုက်ပါတယ်။