ဒုတိယမြောက် ကစားသမားခေါ်ယူမှုအပြီး အပြောင်းအရွေ့သံတွေ ပွက်ပွက်ညံနေတဲ့ မန်ယူဟာ နယူးကာဆယ်ကစားသမား လောင်းစတပ်ကို ရာသီကြိုပွဲစဉ် မတိုင်မှီ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ယခုနွေရာသီအပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့လိုနေကြောင်း သူ့ရဲ့အေးဂျင့် ရွိုင်းအိုလာက ထပ်မံပြောကြားလိုက်ပြန်ပါပြီ။

မန်ယူ ကစားသမားဟောင်း ကလီဘာဆင်က လာမယ့်ရာသီဟာ ဖရက်ဒ်နဲ့ ပါရဲရားတို့ဟာ ယူနိုက်တက်မှာ တောက်ပလာမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါပြီ။

မန်ယူပစ်မှတ်ထားနေတဲ့ လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်ရဲ့ အေးဂျင့်ဟာ အပြောင်းအရွေ့ကိစ္စတွေအတွက် လန်ဒန်ကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

မန်ယူဟာ ကလပ်အသင်း အဓိက ဂိုးသမားဖြစ်သူ ဒီဂီယာကို သက်တမ်းတိုးကိစ္စ အောင်မြင်ပါတော့မယ်။

မန်ယူက ခေါ်ယူလိုနေတဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်ကလည်း အသင်းရဲ့ ဗဟိုခံစစ်မှာ သူ့ကိုမြင်တွေ့လိုနေကြောင်း ပြောကြားမှုတွေ ရှိလာနေပါတယ်။

မန်ယူကနေ ထွက်ခွာရတော့မယ်လို့ သတင်းပြေးနေတဲ့ မာတစ်ဟာ မီလန် (၂) သင်းလုံးရဲ့ စိတ်ဝင်စားခံရမှုတွေ ရရှိထားပါတယ်။ ဒါကြောင့် သူက အနာဂတ်ကိစ္စတွေအတွက် နည်းပြဆိုးရှားနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ချင်နေတယ်လို့ သိရှိရပါတယ်။

အေးဂျင့် ရွိုင်းအိုလာရဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေ ပေါ်ထွက်လာအပြီးမှာ မန်ယူ ပရိတ်သတ်တွေဟာ သူတို့ရဲ့ ကစားသမား ပေါ့ဘာအပေါ် စိတ်ရှည်သည်းခံနိုင်မှုတွေ လျော့ကျလာနေတယ်လို့ သိရှိရပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူကို ခေါ်ယူနိုင်ဖို့အတွက် အင်တာမီလန်အသင်း သာမက နာပိုလီကပါ စိတ်ဝင်စားမှုတွေ ရှိလာပြီလို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။

ဆိုးရှားကတော့ ယခုနွေရာသီအပြောင်းအရွေ့မှာ အသင်းက ကစားသမား (၂) ဦး ထိပ်ခေါ်ပေးဦးမယ်လို့ ယုံကြည်နေကြောင်း ပြောကြားလိုက်ပါတယ်။ သူကပဲ အသင်းသားအားလုံးကို လာမယ့် ရာသီကြိုပွဲစဉ်တွေမှာ အခွင့်အရေးကောင်းတွေ ပေးအပ်သွားမယ်လို့ ဂတိပေးလိုက်ပါပြီ။

မန်ယူဟာ ကလပ်အသင်းရဲ့ ကွင်းလယ်ပစ်မှတ်ဖြစ်တဲ့ ဘက်တစ်ကစားသမား လိုဆယ်လိုအတွက် တော်တင်ဟမ်အသင်းနဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေရပါတယ်။ စပိန်သတင်းတွေကတော့ မြောက်လန်ဒန် အသင်းဟာ အပြောင်းအရွေ့ (၈၀%) အပြီးသတ်နိုင်ပြီး အသာစီးရနေတယ်လို့ ဖော်ပြနေကြပါတယ်။

မန်ယူဟာ အသင်းကို စွန့်ခွာဖွယ်ရှိနေတဲ့ ပေါ့ဘာရဲ့နေရာကို အစားထိုးဖို့ အက်သလက်တီကို ကွင်းလယ်ကစားသမား Saul Niguez ကို ပစ်မှတ်ထားလာနေတယ်လို့ သတင်းပေါ်ထွက်လာပါတယ်။