ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး Vs အဲဗာတန်/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၇း၀၀ နာရီ)

အဲဗာတန်က အခက်တွေ့မယ်ဆိုရင်တောင် မန်စီးတီးကိုတော့ အိမ်ကွင်းမှာ မဆန့်ကျင်ရဲပါဘူး။ ပိုကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင် ကစားရတယ် ဆိုရင်တောင် အိမ်ကွင်းမှာတော့ မန်စီးတီးကို မဆန့်ကျင်ရဲဘူး။ အဲဗာတန်က တိုးတက်လာတယ်လို့ လူတွေပြောကြပေမယ့် မသေချာခဲ့ဘူး။ လီဗာပူးကို ရင်ဆိုင်တဲ့ပွဲ ပထမပိုင်းမှာ အဲဗာတန်ကို ခြားနားတဲ့အသင်းအဖြစ် မြင်ခဲ့ရပေမယ့် သူတို့ ကံမကောင်းခဲ့ဘူး။ အဲ့သည်နောက် နယူးကာဆယ်ကိုကော ဝတ်ဖိုဒ့်ကိုပါ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါဘူး။ ဒါက ကျနော်တို့သိတဲ့ အဲဗာတန်အသင်းပါပဲ။ အဲဗာတန်က အနိုင်ရဖို့ မျှော်လင့်နေမလား မသိပေမယ့် သူတို့က အောက်အသင်းပါ။ စီးတီးပဲ အနိုင်ယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 အဲဗာတန်

ခရစ္စတယ်ပဲလေ့စ် Vs လက်စတာ/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၉း၃၀ နာရီ)

ပဲလေစ့် ဒီပွဲကို နိုင်ဖို့လိုပါတယ်။ ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံကစားတုန်းက သူတို့ အတော်လေး ကောင်းခဲ့တယ်။ အဲ့သည်နောက် ဘရိုက်တန် အသင်း တစ်ယောက်လျော့နဲ့ ကစားတာတောင်မှ ပဲလေစ့်က အရေးနိမ့်ခဲ့တယ်။ လက်စတာကလည်း ဗာဒီမပါနိုင်ရင် သူတို့က သွားမရှိတဲ့ အသင်းပါပဲ။ တော်တင်ဟမ်ကို ရင်ဆိုင်ရာမှာလည်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒီပွဲကတော့ ဗာဒီ ကစားနိုင်၊ မကစားနိုင်ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 1-1 လက်စတာ

ဝုဗ် Vs ဘုန်းမောက်/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၉း၃၀ နာရီ)

ဝုဗ်တွေက နိုင်ပွဲ ပြန်ရနေတယ်။ ဒီပွဲက ကြည့်ဖို့ တန်ပါမယ်။ နှစ်သင်းလုံးက ဖွင့်ကစားကြပါလိမ့်မယ်။ ဝုဗ်က ဒီအပတ်တွေမှာ ပုံစံကောင်းတွေရနေပြီး ဂိုးသွင်းနိုင်မှာပါ။ စိတ်ပူစရာ သီတင်းပတ်တွေအပြီးမှာ ဝုဗ်က ပုံစံကောင်းတွေ ပြန်ရလာနေပြီ အဲ့တာကပဲ ဒီလိဂ်မှာ အနိုင်ပွဲတိုင်းက ဘယ်လောက် အရေးပါတယ် ဆိုတာ ပြသတာပါပဲ။ ဘုန်းမောက်ကလည်း လီဗာပူးကို ရင်ဆိုင်ကစားပြီး နားချိန် ပိုရထားတယ်။ အဝေးကွင်းမှာ သူတို့ အမြင့်ဆုံးအဆင့်နဲ့ ကစားနိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-2 ဘုန်းမောက်

ဟက်ဒါဖီး Vs နယူးကာဆယ်/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၉း၃၀ နာရီ)

အဲဗာတန်နဲ့ပွဲမှာ တစ်မှတ်ရတဲ့ နယူးကာဆယ်က အရင်အပတ်က ဝုဗ်နဲ့ပွဲမှာ တစ်ယောက်လျော့ကစားပြီး ရှူံးခဲ့တယ်။ ဒီပွဲက ဂိုးနည်းမယ်ထင်ပါတယ်။ ဇယားအောကခြေက အသင်းနှစ်သင်းတွေတဲ့ ပွဲပါပဲ။ ဘယ်အသင်း အနိုင်ရမယ်ဆိုတာက ဒီအခြေအနေမှာ မှန်းဆရခက်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 1-1 နယူးကာဆယ်

တော့တင်ဟမ် Vs ဘန်လေ/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၉း၃၀ နာရီ)

တော်တင်ဟမ် အနိုင်ရပါမယ်။ မြောက်လန်ဒန်ဒါဘီမှာ အရေးနိမ့်ထားခဲ့ပေမယ့် ကြားရက်မှာ ဘာစီလိုနာကို ရင်ဆိုင်ပြီး ရလဒ်ကောင်းရခဲ့တာက သူတို့ကို ခံစားချက်တွေ ပိုကောင်းနေစေလိမ့်မယ်။ ဘရိုက်တန်နဲ့ ဘန်လေပွဲကို ကျနော်ကြည့်ရပြီး ဘန်လေက 1-0 နဲ့ အနိုင်ရပေမယ့် သူတို့ ခက်ခဲ ခဲ့ပါတယ်။ စနေနေ့ပွဲက သူတို့အတွက် ခက်ခဲစေမယ်ဆိုတာ ဘန်လေသိပါတယ်။ ဘန်လေ ဘက်က အကောင်းဆုံး တုန့်ပြန်မှာဖြစ်ပေမယ့် တော်တင်ဟမ်က အရည်အချင်းပိုရှိပြီး အနိုင်ရသွားမှာပါ။

ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် 3-1 ဘန်လေ

ဝက်ဖို့ Vs ကားဒစ်/ (ဒီဇင်ဘာ ၁၅၊ စနေနေ့ ည ၉း၃၀ နာရီ)

ဒီအပတ်မှာ အမှတ်သိပ်မကွာတဲ့ အသင်းနှစ်သင်းတွေ့တာပါ။ ဝတ်ဖိုဒ့်က အဲဗာတန်နဲ့ပွဲမှာ နောက်ကျ ဂိုးပေးခဲ့ရတယ်။ ဒီပွဲမှာတော့ အိမ်ရှင်အသင်းနိုင်မယ်လို့ ထင်ပါတယ်။ ကာဒစ်က အိမ်ကွင်းပွဲမှာ အနိုင်ယူရခက်ပြီး ရလဒ်ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ဟာ အဝေးကွင်း ရမှတ်တွေ ယူဖို့ခက်လို့ပါပဲ။ ကာဒစ်က အရှိန်မြင့်ကစားပေမယ့် ဝတ်ဖိုဒ့်က ပိုသန်မာတဲ့အသင်းပါ။ အိမ်ကွင်းမှာတော့ အရှူံးခံမှာ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ်။ ။ ၀က်ဖို့ 2-1 ကားဒစ်

ဖူလ်ဟမ် Vs ၀က်စ်ဟမ်း/ (ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

ဝက်စ်ဟမ်းက သူ့အလှည့် ရောက်လာခဲ့ပါပြီ။ ဒီရာသီမှာ ခက်ခဲတဲ့ ပွဲတွေ အများကြီးနဲ့ စတင်ထားရပြီး မန်စီးတီးကို ရှုံးတဲ့ပွဲနောက်ပိုင်း နိုင်ပွဲတွေ ပြန်ရလာနေပြီ ဖြစ်ပါတယ်။ ဒီကြားထဲ့ အနာတိုဗစ်လို တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမားတွေလည်း ဒဏ်ရာရခဲ့တယ် ဒါပေမယ့် အန်ဒါဆန် ၀င် နေရာယူနိုင်ခဲ့ပြီး အန်ဒီကာရိုးလ်လည်း ပြန်လာပြီ ဖြစ်ပါတယ်။

ဖူလ်ဟမ်အတွက်တော့ မျက်နှာသာ ရစရာ မမြင်ပါဘူး.. ဂိုးများများတောင် ပေးရနိုင်ပါတယ်။ လောလောဆယ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိပြီး အပတ်တိုင်း ၂ဂိုး ၃ဂိုးပေးနေရတာပါ။

ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် 1-3 ၀က်စ်ဟမ်း

ဘရိုက်တန် Vs ချယ်ဆီး/ (ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့ ည ၈း၀၀ နာရီ)

ဒီပွဲမှာ ချယ်ဆီးပဲ နိုင်ပါလိမ့်မယ်။ ဘရိုက်တန်က အိမ်ကွင်းကောင်းပါတယ်။ သူတို့ အိမ်ကွင်း သန်မာတယ်။ ဒါပေမယ့် မန်စီးတီးကို ရင်ဆိုင်ပြီး အနိုင်ရထားတာက ချယ်ဆီးကို စိတ် တက်ကြွနေ စေမှာပါ။ အရင်အပတ်က ချယ်ဆီးကစားတာကိုကြည့်ပြီး ‘ သူတို့ မန်စီးတီးကိုတောင် အနိုင်ယူနိုင်ရင် ထိပ်ဆုံး လေးသင်းကို ဘာလို့ မဝင်ရမှာလဲ? လို့ တွေးမိခဲ့တယ်။ မန်စီးတီးကို အနိုင်ယူခဲ့ပေမယ့် ဝုဗ်အသင်းကို အရေးနိမ့်ထားခဲ့ဖူးတော့ ဒီတစ်ကြိမ်မှာ အသင်းသားတွေက ခြားနားစွာ လုပ်နိုင်မလား ဆိုတာ ဆာရီက တွေးနေပါလိမ့်မယ်။ ဒါက ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒါက စိတ်ဓါတ်ရေးရာနဲ့ ဆိုင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 1-3 ချယ်ဆီး

ဆောက်သမ်တန် Vs အာဆင်နယ်/ (ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့ ည ၈း၀၀ နာရီ)

အရင်အပတ်က စိန့်အသင်း ရလဒ်က အံ့သြသင့်စရာပဲ။ သရေကျသင့်ပေမယ့် အရေးနိမ့်သွားခဲ့တယ်။ အာဆင်နယ် ကစားနေတဲ့ နည်းလမ်းနဲ့ဆိုရင် စိန့်ဘက်က ရလဒ် ကောင်း ထွက်ဖို့ မရှိပါဘူး။ မန်နေဂျာသစ်နဲ့ ဟန်နီးမွန်းကာလမှာ စိန့်အသင်းက ရမှတ်တွေလိုတယ်။ ရမှတ်တွေကို မရတဲ့ အန္တရာယ်တွေ ကြားမှာလည်း ရောက်နေတယ်။ စိန့်က ခံစစ်ကစားရင် အာဆင်နယ်အတွက် ပိုကောင်းသွားလိမ့်မယ်။ ပထမဆုံး အိမ်ကွင်းပွဲမှာ စိန့် မန်နေဂျာသစ်ကလည်း ခံစစ်ကို အထိုင်ချ ကစားလိုမှာ မဟုတ်ဘူး။ ဒီတော့ ဘယ်လိုလူစာရင်းထွက်လာမလဲက စိတ်ဝင်စားစရာပါပဲ။

ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 1-3 အာဆင်နယ်

လီဗာပူး Vs မန်ယူနိုက်တက်/ (ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့ ည ၁၀း၃၀ နာရီ)

လီဗာပူးက ရလဒ်ကောင်းမရခဲ့ရင် ကျနော် အံ့သြမိမှာပဲ။ တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်တွေလည်း အံ့သြကြပါလိမ့်မယ်။ ဗုဒ္ဓဟူးညက ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲကိုကြည့်ပြီး ကျနော် ဘုရားတောင် တမိတယ်။ အပတ်တိုင်းမှာ သူတို့က ဖိအားတွေနဲ့ ကစားနေရတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားတွေအနေနဲ့ သူတို့ဘယ်လို ဖိအားတွေအောက်မှာ ကစားနေရတယ်ဆိုတာ ခင်ဗျားတို့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အဲ့သည်နောက် စပိန်လိဂ်မှာ အကောင်းဆုံးအသင်းမဟုတ်တဲ့ စပိန်အသင်းကို ရင်ဆိုင်ဖို့နဲ့ သူတို့ဘာသာ ဘယ်သူတွေဆိုတာပြဖို့ ဗလန်စီယာကို ထွက်သွားတယ်။

စပိန်ကို ယူနိုက်တက် ဘာဆိုတာပြသဖို့ ထွက်သွားခဲ့တယ်။ ဘာဖြစ်လာခဲ့သလဲ? ကျနော်မှာ ဘုရားရေပဲ တနိုင်တော့တယ်။ ဒီပွဲကို ယူနိုက်တက်မြင်ဖို့ လမ်းမမြင်ပါဘူး။ ဒါပေမယ့် ဒီလိုပြောလို့ လီဗာပူးမှာ ဖိအားမရှိတာတော့ မဟုတ်ဘူး။ သူတို့တိုက်စစ်မှာ ပြဿနာတွေရှိသလို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ဦးဆောင်ခဲ့တာက ခြားနားတဲ့ ဖိအားတွေ ရစေခဲ့ပါပြီ။

ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-0 မန်ယူနိုက်တက်