လီဗာပူးအသင်းနဲ့ ပထမဦးဆုံးရာသီမှာတင် လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား အလီဆင်ကတော့ သူဟာ ယခုနှစ် Ballon d’Or ဆုရနိုင်မယ့် သူတွေထဲက တစ်ဦးဆိုတာကို ငြင်းဆိုသွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေအတွက် လေ့ကျင့်ခန်းတွေကတော့ ပြန်လည်စတင်နေခဲ့ပါပြီ။ လီဗာပူးအသင်းက အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမားလေး Van den Berg ဟာလည်း အသင်းသစ်နဲ့ ပထမဆုံးအဖြစ် လေ့ကျင့်ရေးမှာ လာရောက်ပူးပေါင်းသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လိုင်လီတိုက်စစ်မှူး နီကိုးလပ်ပီပီရဲ့ အပြောင်းအရွေ့ ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ လိုင်လီဥက္ကဋ္ဌ လိုပက်ဇ်က ၀န်ခံပြောကြားသွားခဲ့ပါတယ်။
UEFA Nations League မှာ ဒဏ်ရာရသွားခဲ့တဲ့ လီဗာပူးကွင်းလယ်လူ ရှာကွီရီဟာ ဒဏ်ရာပြဿနာကို စစ်ဆေးနိုင်ဖို့ လာမယ့်သီတင်းပတ်မှာ မဲလ်ဝုဒ်ကို ပြန်လာမယ်လို့ သိရှိရပါတယ်။
လီဗာပူး ကစားသမားဟောင်း ကော်တင်ညိုရဲ့ အေးဂျင့်က ကစားသမားဟာ ဘယ်ကိုမှ ပြောင်းရွေ့မှာ မဟုတ်ပဲ နူးကမ့်မှာပဲ ဆက်ရှိနေဦးမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လီဗာပူး ဂန္တ၀င်ကစာသမား စတီဗင်ဂျရတ်ထံ ငယ်စဉ်က စာရေးသားပေးပို့မှု ပြုလုပ်ခဲ့ဖူးပေမယ့် ဘာတုန့်ပြန်မှုမှ ပြန်မရခဲ့ကြောင်း တော်တင်ဟမ်စတား ဟယ်ရီဝင်ခ့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လိုဗရန်ဟာ အေစီမီလန်အသင်းထံ ရောက်ရှိတော့မယ်လို့ သတင်းတွေ ကျယ်လောင်နေပေမယ့် လီဗာပူးအသင်းကတော့ ကစားသမားကို ရောင်းချမှာမဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
ကောလဟာလအချို့ ထွက်ပေါ်မှုတွေ ရှိနေပေမယ့် လူငယ်တိုက်စစ်မှူး အိုရီဂီဟာ အသင်းနဲ့ (၅) နှစ် သက်တမ်းတိုး စာချုပ်သစ်တစ်ခု ချုပ်ဆိုမယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။
ရိန်းဂျားအသင်းမှာ နောက်တစ်ရာသီ အငှားထပ်ကစားဦးမယ့် လူငယ်ကစားသမား ရိုင်ယန်ကန့်ဟာ အသင်းရဲ့တိုက်စစ်မှူးတွေ ရာသီကြိုပွဲစဉ်မှာ မပါဝင်နိုင်တာကြောင့် ရာသီကြိုပွဲစဉ်တွေအတွက် လိုက်ပါရဦးမယ်လို့ သိရှိရပါတယ်။
နည်းပြကလာပ်က အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ချိန်ဘာလိန်၊ ဘရူးစတား၊ ဂိုးမက်ဇ်နဲ့ လယ်လာနာတို့ကို ပထမဆုံး လေ့ကျင့်ရေးနေ့မှာ ကစားသမားသစ်တွေလို ကြိုးစားခဲ့ကြတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။