အင်တာမီလန်ဟာ မန်ယူတိုက်စစ်မှူး လူကာကူကို ခေါ်ယူနိုင်ဖို့အတွက် အစွမ်းကုန် အားထုတ်မှုကို ပြုလုပ်သွားမှာဖြစ်ပြီး အပြောင်းအရွှေ့ဆိုင်ရာ သဘောတူညီမှုရဖို့ နည်းလမ်းကောင်း ရှာဖွေနေတယ်လို့ သိရပါတယ်။
စီးရီးအေကလပ်က ဘယ်ဂျီယံ တိုက်စစ်သမားကို ပေါင် ၆၂.၈ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်မှာဖြစ်ပါတယ်။ အငှားခေါ်ယူခွင့်မှာ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းနိုင်ဖို့ ကြိုးစားမှာဖြစ်တယ်။
ဗုဒ္ဓဟူးနေ့မှာ အင်တာမီလန်ဘက်က အကြီးအကဲတွေနဲ့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဖက်ဒရီကို ပက်စတိုရီလိုတို့ စကားပြောမှုအရ အင်တာမီလန်က ကြိုးစားနေပေမယ့် အပြီးသတ်နိုင်ဖို့ မလွယ်သေးဘူးဆိုတဲ့ ဒီသတင်းကို သိလာရတာဖြစ်တယ်။
ပက်စတိုရီလိုက ” စကားပြောမှုလုပ်ခဲ့ပါတယ်။ အင်တာမီလန် ဒါရိုက်တာနဲ့ ကျနော် စကားပြောခဲ့တယ်။ သူတို့ ဆုံးဖြတ်ချက် ပြုလုပ်ရမှာဖြစ်ပြီး အဲ့သည်အတွက် အချိန်သက်မှတ်ထားတာတော့ မရှိပါဘူး။ အင်တာမီလန်က လူကာကူကို ခေါ်ယူလိုတယ်ဆိုရင် သူတို့ဘက်က လှုပ်ရှားဖို့ လိုပါတယ်။
အင်တာက လူကာကူကို ခေါ်ယူဖို့ အလေးအနက်ကို ကြိုးစားနေတာပါ။ သူတို့က ရှိသမျှအစွမ်း အကုန်သုံးပြီး ခေါ်ယူမှာဖြစ်တယ်။ ရည်ရွယ်ချက်ဆိုတာ အမြဲတမ်းဖြစ်လာလေ့ မရှိပေမယ့် ပစ်မှတ်ထားလို့တော့ ရပါတယ်။ လောလောဆယ်မှာတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။