ဗုဒ္ဓဟူးနေ့မှာ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဟာ အင်္ဂလန်ကို ထပ်လာခဲ့ပြီး အပြောင်းအရွှေ့ဆိုင်ရာကိစ္စ တိုးတက်နိုင်ဖို့ ဆွေးနွေးမှုလုပ်ခဲ့ရာကာ အပြောင်းအရွှေ့ဆိုင်ရာ တိုးတက်မှုသတင်းတွေကို ရရှိလာခဲ့ပါပြီ။
မန်ယူဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားတယ်လို့ သိထားရပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။ မန်နေဂျာ ဆိုးရှားဟာ ကုန်ခဲ့တဲ့ ၆ လအတွင်း ဖယ်လာနီ၊ ဟာရဲရားတို့ မရှိတော့တဲ့ ကွင်းလယ်ကို အားဖြည့်လိုနေခြင်းဖြစ်တယ်။
မနေ့တုန်းက ကစားသမားရဲ့ အေးဂျင့်ဟာ အင်္ဂလန်ကို ထပ်လာခဲ့ပြီး အပြောင်းအရွှေ့ဆိုင်ရာကိစ္စ တိုးတက်နိုင်ဖို့ ထပ်မံဆွေးနွေးခဲ့ခြင်းဖြစ်တယ်။ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ကတော့ အပြောင်းအရွှေ့ကိစ္စ တိုးတက်နိုင်ဖို့ စပို့တင်းဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ လိုချင်နေတယ်ဆိုတာကို သတင်းပို့ခဲ့ပါတယ်။
မနှစ်တုန်းက ဖာနန်ဒက်စ်နဲ့ စပို့တင်းကြား စာချုပ်သစ် ချုပ်ဆိုခဲ့မှုမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၁ သန်းနဲ့ ရောင်းချနိုင်ခွင့် ပါဝင်ထားခဲ့တာပါ။ ဒါ့ပေမယ့်လို့ အရောင်းအဝယ် ဖြစ်မြောက်ခဲ့မယ်ဆိုရင် ကစားသမားကို ပေါ်တူဂီကလပ်ဘက်က ပေါင် ၄.၅ သန်း ပေးပါမယ်ဆိုတဲ့ အချက်လည်း ထည့်ထားခဲ့ပါသေးတယ်။
မန်ယူဘက်ကတော့ ဖာနန်ဒက်ကို ပေါင် ၃၁ သန်းနဲ့ပဲ ကမ်းလှမ်းထားပြီး စာချုပ်ပါ ဖျက်သိမ်းကြေးဟာ ဒီရာသီမှာ အသက်ဝင်မှာလား ကစားသမားကိုယ်တိုင် ပြောင်းရွှေ့ခွင့်စာတင်မှ အသက်ဝင်မလားဆိုတာ မသိရသေးပါဘူး။