လီဗာပူးအသင်းရဲ့ လူငယ်ဂိုးသမား ကယ်လီဟာရဲ့ လက်ကောက်ဝတ်ဒဏ်ရာဟာ (၆) ပတ်ခန့် အနားယူဖို့ လိုအပ်နေတဲ့အတွက် ရာသီကြိုပွဲစဉ်တွေကိုတော့ လွဲချော်တော့မှာပါ။

နည်းပြ ယာဂင်ကလာခ့်အနေနဲ့ ရီးရဲကွင်းလယ်လူ Ceballos ကို ပေါင် (၄၅) သန်းနဲ့ အန်ဖီလ်းကို ခေါ်ယူဖို့ ယုံကြည်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်မှုတွေ ရှိလာနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒစ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးကွင်းလယ်လူ ကီတာအနေနဲ့ ယခုလကုန်ပိုင်းလောက်မှာ ရာသီကြို လေ့ကျင့်ရေးကို ပြန်လည်ပါဝင်လာနိုင်မယ်လို့ အသင်းက ယုံကြည်နေပါတယ်။

လီဗာပူး ဂန္တ၀င်ကစားသမားဟောင်း ဂျင်မီကာရေဂါက ချယ်ဆီးနည်းပြသစ် ဖြစ်လာခဲ့တဲ့ လမ်းပတ်ကို လီဗာပူအသင်းနဲ့ မတွေ့ခင်အချိန်ထိ ချယ်ဆီးမှာ ကံကောင်းပါစေကြောင်း စနောက်ရေးသားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကော်နာမတ်စတာဆင်ဟာလည်း ချန်ပီယံရှစ်ကလပ် QPR အသင်းထံ (၂) နှစ်စာချုပ်နဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။

လီဗာပူးကွင်းလယ်လူ လယ်လာနာဟာ ယခုနှစ်မှာ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေပြီး သူ့ရဲ့ အသင်းဟောင်း ဆောက်သမ်တန်အသင်းက ပေါင် (၁၃) သန်းနဲ့ ချိတ်ဆက်မှုတွေ ရှိလာနေပါပြီ။

လီဗာပူးဟာ ဒိုင်နမိုဇာဂရက်အသင်းရဲ့ လူငယ်စတား ဒန်နီအော်လ်မိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိလာနေပါပြီ။ ကစားသမားဟာ တော်တင်ဟမ်အသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ထားတဲ့ အင်္ဂလန် ယူ-၁၇ အသင်း ကွင်းလယ်လူ ဟာဗေး အီးလီယက်ကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

အသင်းကြီးအချို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ လူငယ်ကစားသမား ရီကင်းဟာပါးကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း အပြိုင်အဆိုင် ပါဝင်လာပြီလို့ သိရပါတယ်။

လီဗာပူးအသင်းဟာ လာဇီယိုအသင်းထံ အလွတ်ပြောင်းရွေ့သွားခဲ့တဲ့ လူငယ်ကစားသမား Bobby Adekanye ရဲ့ အပြောင်းအရွေ့ကို ကြားဝင်စုံစမ်းပေးဖို့ FIFA ကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ ဘက်တစ်နောက်ခံလူ Junior Firpo ကို ခေါ်ယူနိုင်ဖို့ လူငယ်တိုက်စစ်မှူး အိုရီဂီအပြင် ပေါင် (၂၆.၅) သန်း ကမ်းလှမ်းမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။