မန်ယူဟာ အေဂျက်အသင်းရဲ့ လူငယ်စကား Dillon Hoogewerf ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေ ပေါ်ထွက်လာပါပြီ။

ပီအက်ဂျီကွင်းလယ်လူသစ်အဖြစ် ပထမဆုံး အင်တာဗျူးမှာပဲ ဟာရဲရားက မန်ယူအတွက် ကစားပေးပြီဖြစ်လို့ အခြားသော အင်္ဂလန်အသင်းအတွက် မကစားပေးလိုတာကြောင့် အအင်္ဂလန်ပြင်ပကို ထွက်ခွာလာရခြင်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

အင်တာဟာ တိုက်စစ်မှူး လူကာကကူကို ခေါ်ယူဖို့ စိတ်ရှည်မှာ ဖြစ်ပေမယ့် အရန်အဖြစ် စီစဉ်ထားတဲ့ ဒီဇီကိုအပေါ် အာရုံစိုက်မှုတွေလည်း စတင်သွားတော့မယ်လို့ သိရပါတယ်။

မာတစ်ဟာ သူ့ကို ခေါ်ယူလိုနေတဲ့ အင်တာမီလန်၊ အေစီမီလန် အသင်းတို့နဲ့ စကားပြောဆိုဖို့ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် သူဟာ ယူနိုက်တက်ရဲ့ ရာသီကြိုပွဲစဉ်တွေကို လိုက်ပါဦးမှာပါ။

မန်ယူဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွေ့လိုနေတဲ့ ပေါ့ဘာကိုသာ လက်လွတ်ရပါက ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း (၁၅၀) ကို အလိုရှိနေပါတယ်။ ကစားသမားဟာ ရီးရဲကိုသာ ပြောင်းရွေ့ခဲ့ပါက တစ်ပါတ်လုပ်ခ ပေါင် (၅) သိန်းခန့်ထိ ရရှိသွားမှာပါ။

ဒီကလန်ရိုက်စ်ကို မန်ယူက စိတ်ဝင်စားမှုတွေ ပြနေပေမယ့် ၀က်စ်ဟမ်း ကစားသမားဟောင်း မက်စ်အဗန်းနီက ကစားသမားမှာ ဆုဖလားရယူဖို့ ရည်မှန်းချက်တွေ ရှိနေရင် မန်ယူကို မပြောင်းသင့်ကြောင်း ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

မန်ယူက စိတ်ဝင်စားခဲ့ဖူးတဲ့ မိုနာကို ကွင်းလယ်လူ တိုင်လီမန်းစ်ဟာ လက်စတာနဲ့ ဆေးစစ်မှုခံယူနေပြီဖြစ်ပါတယ်။

မန်ယူနဲ့ ဖာနန်ဒက်စ် အပြောင်းအရွှေ့ဟာ အပြီးမသတ်နိုင်သေးပေမယ့် ကစားသမားက ပြောင်းရွှေ့လိုနေတာကြောင့် ပေါင် ၄၉ သန်းနားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပါတယ်။

မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို ဘေလ်း ဒါမှမဟုတ် အစ်စကိုအပြင် ပြောင်းရွေ့ကြေး ပေါင် (၇၂) သန်း နဲ့ ရီးရဲအသင်းက ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။