လီဗာပူးအသင်းဟာ မဲလ်ဝုဒ်ကို ရာသီကြိုလေ့ကျင့်ရေးအတွက် ပြန်ရောက်နေတဲ့ တိုက်စစ်မှူး အိုရီဂီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေမှုက အောင်မြင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။
လီဗာပူး ခံစစ်ကစားသမား လိုဗရန်ဟာ အင်္ဂါနေ့မှာ ရာသီကြိုလေ့ကျင့်ရေးအတွက် အသင်းနဲ့ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ဘယ်နောက်ခံလူ အဲလ်ဘာတိုမိုရီနိုဟာ စပိန်ကလပ် ဗီလာရီးရဲကို ရောက်ရှိတော့မယ်လို့ သိရပါတယ်။
လီဗာပူးတိုက်စစ်မှူး အိုရီဂီက သူ့အသင်းဟာ လာမယ့်ရာသီသစ်မှာ ဆုဖလား အောင်မြင်မှုတွေ ပိုမိုရရှိဖို့ ပစ်မှတ်ထားနေတယ်လို့ ကြွေးကြော်လိုက်ပါတယ်။ ပထမဆုဖလားက ကောင်းပေမယ့် ဒုတိယဆုဖလားက ပိုချိုတယ်လို့ ကင်းကင်နီက အမှာပါးထားကြောင်း အိုရီဂီက ပြောပါတယ်။
လီဗာပူးအသင်းက ခေါ်ယူမယ် သတင်းထွက်နေတဲ့ ဒန်နီစီဘာလောစ့်ဟာ တော်တင်ဟမ်အသင်းကို သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းထွက်နေပါတယ်။
လီဗာပူးအသင်းရဲ့ လူငယ်ကစားသမား ဂျော်ဒန်ရိုစစ္စတာဟာ Fleetwood Town အသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားပေးဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။
နည်းပြကြီး ရာဖေလ်းဘင်နီတက် စွန့်ခွာသွားခဲ့တဲ့ နယူးကာဆယ်အသင်းဟာ သူတို့ရဲ့ နည်းပြသစ်အဖြစ် လီဗာပူးဂန္တ၀င် စတီဗင်ဂျရတ်ကို ခေါ်ယူလိုနေတယ်လို့ သိရှိရပါတယ်။ စတီဗင်ဂျရတ်ကတော့ ရိန်းဂျားအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
နည်းပြကြီး ယာဂင်ကလာခ့် လက်အောက်မှာ ထွန်းတောက်လာတဲ့ လီဗာပူးခံစစ်မှူး ဂျိုးဂိုမက်ဇ်က အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရလိုနေကြာင်း ပြောဆိုလိုက်ပါတယ်။
လီဗာပူး ခေါ်ယူလိုကြောင်း သတင်းထွက်နေတဲ့ အေဂျက်ကစားသမား ဒေးဗစ်နားယက်စ်ကို ယူနိုက်တက်နဲ့ အက်သလက်တို့က စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။