ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ဘာကာယိုကိုက မွေးရပ်မြေ ပြင်သစ်မှာ ထူးချွန်တဲ့ ခြေစွမ်း ရှိခဲ့ပေမယ့် အင်္ဂလိပ်ဘောလုံးမှာ ၄င်းက အံဝင်စွာ ခြေစွမ်း မပြနိုင်သေးပါဘူး။ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ မိုနာကိုကနေ စတန်းဖို့ဒ်ဘရစ်ခ်ျထံ ရောက်ရှိခဲ့တဲ့ ဘာကာယိုကိုဟာ ချယ်ဆီး အသင်းမှာတော့ အောင်မြင်မှု မရသေးသူလို့ ဆိုရမှာပါ။

ပြင်သစ် ပဲရစ်မှာ မွေးတဲ့ ကစားသမားကို ပီအက်စ်ဂျီ အားကစား ဒါရိုက်တာက တိုက်ရိုက် ဆက်သွယ်မှုတွေ ရှိထားတယ်လို့ ကြားရပြီး အာဆင်နယ်ရဲ့ အူနိုင်းအမ်မရီကလည်း ဘာကာယိုကိုရဲ့ အရည်အသွေးကို မျက်စိကျနေပါတယ်။ အံ့အားသင့်ဖွယ် အနေနဲ့ကတော့ မန်ချက်စတာ ယူနိုက်တက်ကပါ ပါဝင်လာတာပါ။

ယူနိုက်တက်ဟာ ပေါ့ဘာ၊ မာတစ်တို့ ထွက်ခွာဖွယ် ရှိနေတဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ အထူး သတိထား ရှာဖွေနေတာပါ။ ယူနိုက်တက် အကြီးအကဲတွေက ဘာကာယိုကို ကို ခေါ်ယူလိုကြောင်း ချယ်ဆီးအသင်းထံ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ထားပြီး ချယ်ဆီးအသင်းရဲ့ အိုင်ယာလန်မှာ ပြုလုပ်မယ့် ရာသီကြို စခန်းသွင်းလေ့ကျင့်မှု အပြီးမှာ ကစားသမားက ဆုံးဖြတ်ချက်ချမယ်လို့ ကြားသိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက အေစီမီလန်မှာ အငှား သွားရောက်ကစားခဲ့တဲ့ ပြင်သစ်သားက နည်းပြသစ် လမ်းပတ်ဦးဆောင်နေတဲ့ ချယ်ဆီးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးသို့ စောစောစီးစီးပဲ လာရောက် ပူးပေါင်းနေပြီ ဖြစ်ကာ သူ့အတွက် အခွင့်အရေးကို ရဖို့ ကြိုးစားနေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားလို့ ၄င်းအတွက် မျှော်လင့်ချက်များ မြင့်မားလာဖွယ် ရှိသော်လည်း ကွင်းလယ်မှာ ပြိုင်ဆိုင်ရမယ့် အသင်းဖော်တွေ အများအပြား ရှိပါသေးတယ်။

သတင်းများအရ ဘာကာယိုကိုကို ဒီနွေမှာ ခေါ်ယူလိုတဲ့ကစားသမားတွေ အများအပြား ရှိနေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအပြင် ချယ်ဆီးရဲ့ ပြည်တွင်း ပြိုင်ဘက် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်ပါ ပါဝင်လာပါတယ်။

ယူနိုက်တက် ပရိသတ်တွေ အနေနဲ့တော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေတာ မြင်ရဖူးတဲ့ ဘာကာယိုကိုကို ခေါ်ယူလိုတဲ့အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ဦးမယ်တော့ မထင်ပါဘူး။ ဆိုးရှားဟာ ဒီနွေမှာ အရည်အချင်းရှိတဲ့ ခြေစွမ်းထက် လူငယ်တွေကိုသာ ပိုမို အားစိုက် ခေါ်ယူထားပါတယ်။

ဆိုးရှားရဲ့ ရဲရင့်တဲ့ ရွှေ့ကွက်တွေကို အသင်း ပရိသတ်တွေ နှစ်ခြိုက်မှု ရှိကြပေမယ့် ဘာကာယိုကို ကို ကြိုးစားမှုအပေါ်တော့ တုန့်ပြန်မှုတွေ ကောင်းဖို့ မသေချာလှပါဘူး။