လီဗာပူးတိုက်စစ်မှူး အိုရီဂီက လာမယ့် ဘောလုံးရာသီမှာ ဆုဖလားတွေ ပိုမို ရယူနိုင်ဖို့ အသင်းသားတွေ အနေနဲ့ အားလပ်ရက်မှာ ကောင်းစွာ အနားယူပြီး အင်အားအပြည့် ပြန်လာဖို့က အရေးကြီးကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။
ဘရာဇီးသား နှစ်ဦး ဖြစ်တဲ့ အယ်လစ်ဆန်နဲ့ ဖာမီနိုတို့ဟာ နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ဗိုလ်စွဲအပြီး ကလပ်အသင်းနည်းပြ ယာဂင်ကလော့ပ်ထံ ဗီဒီယိုများ ၊ အသံဖိုင်များ၊ မက်ဆေ့များပို့က ၄င်းတို့ အောင်ပွဲခံမှုများကို မျှဝေခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ အသည်းခွဲခြင်းခံခဲ့ရကာ အမှတ်ပေးဖလား လက်လွှတ်ခဲ့ရတာကြောင့် လာမယ့် ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူဖို့ စိတ်ဓာတ်လှုံ့ဆော်မှု အင်အားရှိနေကြောင်း ခံစစ်မှူး ဂျိုး ဂိုမက်ဇ်က ဆိုပါတယ်။
ဒန်နီရယ်စတားရစ်ရဲ့ LA က အိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး သူ့ရဲ့ခွေးကို ခိုးယူမှုဖြစ်ပွားခဲ့ပါတယ်။ စတားရစ်ကတော့ အဆိုပါဖြစ်ရပ်ကို အတော်လေး မကျေမနပ်ဖြစ်နေပြီး သူ့ခွေးကို ပြန်လာပေးဖို့ သတိပေးထားပါတယ်။
တနင်္ဂနွေနေ့က လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးမှာ လူငယ်ကြယ်ပွင့် ၉ ဦးဟာ စီနီယာအသင်းသားတွေနဲ့ အတူတကွ ပူးပေါင်း လေ့ကျင့်ခွင့် ရလာခဲ့ပါတယ်။ လီဗာပူးအသင်းသား ၁၆ ဦး ဟာ ကလပ်အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးကို စတင်ကာ ပူးပေါင်းခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ကစားရမယ့် ထရန်မီရီ ရိုဗာ အသင်းနဲ့ ရာသီကြိုပွဲမတိုင်ခင် လူငယ် ၉ ဦး ပူးပေါင်းလာခဲ့တာပါ။
လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ အရင်လက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာမယ့် ရာသီစမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။ တနင်္လာနေ့က မဲဝုဒ်ကို ပြန်ရောက်လာပြီဖြစ်တဲ့ ရှာကွီရီဟာ ဆေးစစ်မှုတွေခံယူခဲ့အပြီးမှာ ပြန်လည်ကြံ့ခိုင်မှုအတွက် အချိန်ခဏယူရမယ်ဆိုတာကို ယာဂင်ကလော့ပ်က အတည်ပြုပေးခဲ့ပါတယ်။
လီဗာပူးနဲ့ ရာသီကြို ပြင်ဆင်မှု စတင်နေတဲ့ ဝဲလ်ဆန်ကို ‘ပတ်ရှုပ် မနေနဲ့ ဒါဘီကို ပြန်တော့’ လို့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်သူ နေးဟော်ရန်က တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာကျော် အဆိုတော် နေးဟာ ဒါဘီအသင်းအားပေးသူဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးကို အိုရီဂီနဲ့ လိုဗရန်တို့ ပြန်လည် ပူးပေါင်းပါပြီ။ အိုရီဂီက ကာလရှည်စာချုပ် ချုပ်ဆိုမယ်လို့ သတင်းထွက်နေပြီး လိုဗရန်က အေစီမီလန်နဲ့ အပြောင်းအရွှေ့ သတင်းထွက်နေပါတယ်။