ရာသီကြို ပွဲစဉ်များအတွက် သြစတေးလျသို့ ၁၆ နာရီကြာ လေယာဉ်စီးခဲ့ရတဲ့ ဆိုးရှားဦးဆောင်တဲ့ မန်ယူ အသင်းသားတွေဟာ ပါ့သ်မြို့မှာ ရောက်ရှိသွားကြပြီ ဖြစ်ပါတယ်။ ပါ့သ်လေဆိပ်မှာ ကြိုဆိုနေတဲ့ ရာပေါင်းများစွာသော ပရိသတ်များနဲ့ အမှတ်တရ ဓာတ်ပုံများလည်း ရိုက်ခဲ့ကြပြီး လေ့ကျင့်မှုများကို အင်္ဂါနေ့မှာ စတင် ပြုလုပ်နေပါတယ်။

အင်တာမီလန်ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ အချိန်ယူ ညှိနှိုင်းနေပေမယ့် တကယ်လို့သာ အပြောင်းအရွှေ့ မဖြစ်မြောက် နိုင်ရင် အရန် အနေနဲ့ ရိုးမားအသင်းမှ မန်စီးတီး တိုက်စစ်မှူးဟောင်း ဂျက်ကို ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ယူရို သန်း ၉၀ လို့ တန်ကြေးသတ်မှတ်ထားတဲ့ လာဇီယို ကွင်းလယ်ကစားသမား ဆာဗစ်ကို မန်ယူနိုက်တက် အပါအ၀င် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ အသင်းတို့က ခေါ်ယူလိုနေကြပြီး တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးကြောင်း သိရပါတယ်။

မန်ချက်စတာကသတင်းများ အဆိုအရ ကြံ့ခိုင်မှု တိုးတက်လာစေဖို့ ပိုအသားပေးထားတဲ့ လက်ရှိ ရာသီကြို ထရိန်နင်က ဆိုးရှားရဲ့ လေ့ကျင့်ရေး နည်းစနစ်တွေကို မန်ယူ အသင်းသားများက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။

မော်ရင်ညို ထွက်ခွာသွားပြီးနောက် ကျန်ခဲ့တဲ့ မန်ယူအသင်း လူစာရင်းဟာ ကြံ့ခိုင်မှု နည်းပါးလွန်းတယ်လို့ ဆိုးရှားက ယူဆနေပြီး ဒါအတွက် အဓိက မောင်းနှင်နေတာကြောင့် လက်ရှိ လေ့ကျင့်ရေးက ပြေးပြီးရင်း ပြေးတဲ့ လေ့ကျင့်မှုတွေ ပါဝင်နေပါတယ်။

သြစတြေးလျကို သွားရောက်နေတဲ့ ရာသီကြို ပြင်ဆင်မှုမှာ မန်ယူ အသင်းသားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ လင်ဂတ်တို့ ခိုက်ရန်ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကို အင်္ဂလန်မီဒီယာတွေက ဖော်ထုတ်လာခဲ့ပါတယ်။

မန်ယူဟာ ဆောက်သမ်တန်ကွင်းလယ်လူ လီမီနာကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားမှုကို စတင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာ မန်ယူဘက်က ချိတ်ဆက်ကြောင်း သတင်းတွေ ထွက်လာပေမယ့် ပြောင်းရွှေ့ကြေး မသိရသေးပါဘူး။