မန်ယူဟာ ဒီနွေမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့အတွက် ဆောက်သမ်တန်မှ လီမီနာကို ဈေးကွက်စမ်းမှု စတင်ခဲ့ပြီဖြစ်ပါတယ်။
စီးရီးအေကလပ်ကနေ ပြောင်းလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၄၆ ပွဲ ကစားထားတဲ့ ဂါဘွန်ကွင်းလယ်လူ လီမီနာကို ဆောက်သမ်တန်ဘက်က အရောင်းစာရင်း တင်ထားခဲ့ပြီး ဈေးကွက်ထဲ ဝင်ရောက်ချိတ်ဆက်မှုတွေ လုပ်ခွင့်ရနေပြီ ဖြစ်ပါတယ်။
ကွင်းလယ်လူ မာရီယို လီမီနာဟာ ဆောက်သမ်တန်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးကနေ ထွက်ခွာသွားတဲ့နောက် အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ခပ်မြန်မြန် စတင်လာတာပါ။ လီမီနာက ဒီနွေမှာ အသင်းပြောင်း လိုတယ်လို့ ပြောဆိုထားပြီး ဆောက်သမ်တန်ကလည်း ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
လီမီနာကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေဟာ ၂၀၁၇ ခုနှစ်တုန်းက ဂျူဗင်တပ်ကို ဆောက်သမ်တန်အသင်း ပေးချေထားရတဲ့ ပေါင် ၁၈ သန်းနဲ့ တူညီတဲ့ ပြောင်းရွှေ့ကြေးကို အလိုရှိနေတယ်လို့ သိရတယ်။
ဆောက်သမ်တန်နဲ့ စာချုပ် သုံးနှစ်ကျန်နေသေးတဲ့ ကွင်းလယ်လူဟာ စီးရီးအေကလပ်ကနေ ပြောင်းလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၄၆ ပွဲ ကစားထားခဲ့သူဖြစ်ပါတယ်။