လီဗာပူးကွင်းလယ်လူဟောင်း အလွန်ဆိုဟာ ဇာတိမြေက ရီးရဲဆိုစီဒက်အသင်းရဲ့ အရန်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
လီဗာပူးကနေ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားတဲ့ ဘယ်အစွန်လူ မိုရီနိုဟာ စပိန်ကလပ် ဗီလာရီးရဲအသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ လက်ရွေးစင်ပွဲမှာ ရရှိခဲ့တဲ့ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ရာသီကြို ပြင်ဆင်မှု အစောပိုင်းကာလတွေကို လွဲချော်သွားပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်က တောင်းဆိုမှုက အနည်းငယ် မြင့်ပါတယ်။ အဆန်စီယိုကို လိုချင်တယ်ဆိုရင် မာနေးအပြင် ပေါင် ၆၇ သန်း ငွေသား ထပ်ပေးရမှာဖြစ်ပါတယ်။
လီဗာပူးကနေ ရိန်းဂျားကို အငှားထွက်နေတဲ့ အိုဂျိုဟာ ရာသီကြို ခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့သလို ယူရိုပါလိဂ် ခြေစစ်ပွဲမှာလည်း သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။
သြဂုတ်လ ၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲအတွက် လီဗာပူးအသင်းဘက်က လက်မှတ်နှုန်းထားတွေ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က မနှစ်တုန်းက နီးပဲနီးစပ်ခဲ့ပြီး လက်ဝယ်မရခဲ့တဲ့ ပရီးမီးယားလိဂ်ကို ဒီရာသီမှာ အားထုတ်ဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။