မန်ယူအသင်းသား လင်ဂတ်နဲ့ ပေါ့ဘာတို့ ခိုက်ရန်ဖြစ်ကြတယ်လို့ နာမည်ကြီးနေတဲ့ တွစ်တာဗီဒီယိုကို အပြည့် ပြန်ထွက်လာပြီဖြစ်ပြီး အများထင်သလိုမဟုတ်ပဲ စနောက်နေကြခြင်းဖြစ်တာကို မြင်တွေ့ရပါတယ်။
မန်နေဂျာဆိုးရှားဟာ ကလပ်အသင်း ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာ တစ်ရာသီ ဆက်ရှိနေဖို့ အလိုရှိနေပါတယ်။
စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ လူကာကူ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုလုပ်ဖို့ရာ အင်္ဂလန်ကို ပုဂ္ဂိုလ်နှစ်ဦး စေလွှတ်ခဲ့ပြီဖြစ်ပါတယ်။
လက်စတာကွင်းလယ်လူသစ် တိုင်လီမန်းစ်ဟာ မန်ယူကို ပြောင်းလိုခဲ့သေးပေမယ့် တရားဝင်ကမ်းလှမ်းမှု မရခဲ့တာကြောင့် ရာသီကြိုပြင်ဆင်မှု နောက်မကျဖို့ရာ လက်စတာကို ပြောင်းရွှေ့ခဲ့ခြင်းလို့ သိရပါတယ်။
စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်ဟာ ပေါ်တူဂီကလပ်ရဲ့ ရာသီကြိုပြင်ဆင်မှုမှာ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါဟာ မန်ယူနဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေကြောင့်လို့ သတင်းထွက်နေပါတယ်။
မန်ယူကွင်းလယ်လူ တော်မီနေးက အသင်းကစားသမားသစ်တွေဖြစ်တဲ့ ဂျိမ်းနဲ့ ဘစ်ဆာကာတို့ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး အောင်မြင်တဲ့ ရာသီကြိုခရီးစဉ်ဖြစ်ဖို့ ရည်မှန်းနေပါတယ်။
မန်ယူနဲ့အတူ ရာသီကြိုပြင်ဆင်မှု ပြုလုပ်နေတဲ့ ဒါလော့က ကလပ်အသင်းနဲ့အတူ ကြိုးစားမယ်လို့ အာမခံချက် ပေးခဲ့ပြီး မန်ယူလိုအသင်းကြီးမှာ ကစားဖို့က အမြဲတမ်း အိပ်မက်ဖြစ်ခဲ့တာပါလို့ ဆိုပါတယ်။
ဘာစီလိုနာကလပ်ဟာ မန်ယူအသင်းရဲ့ အဓိက ခံစစ်မှူးဖြစ်သူ လင်ဒီအော့ကို ခေါ်ယူနိုင်ဖို့ရာ ကြိုးစားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ မန်နေဂျာဆိုးရှားကတော့ လင်ဒီအော့နဲ့ တွဲဘက်ပေးဖို့ ဗဟိုခံစစ်မှူးသစ် ရှာဖွေနေဆဲပါ။
မန်ယူဟာ ဆောက်သမ်တန်အသင်းမှ ကွင်းလယ်လူ လီမီနာကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း ပေးရနိုင်တယ်လို့ သိရပါတယ်။
မန်ယူအသင်း စီနီယာကစားသမားတွေဟာ ရာသီကြို ပြင်ဆင်မှုမှာ သက်လုံကောင်းစေတဲ့ အပြေးလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်နေရတာကြောင့် ပင်ပန်းမှုတွေ ဖြစ်နေကြပါတယ်။ မန်နေဂျာဆိုးရှားဟာ လာမယ့်ရာသီမှာ ကြံ့ခိုင်မှုအားပြုတဲ့ နည်းစနစ်ကို ကျင့်သုံးလာဖွယ် ရှိနေပါတယ်။