အဲဗာတန်အသင်းဟာ မန်စီးတီးကွင်းလယ်ကစားသမား ဖာဘီယန် ဒပ်ဖ်ကို ခေါ်ယူဖို့ စိတ်ဝင်စားဟန် ပြသ လာပါတယ်။ အသက် ၂၉ နှစ် အရွယ် ကွင်းလယ်သမားဟာ ၄င်းရဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကမှ ခေါ်ယူထားတဲ့ အမေရိကန် ဂိုးသမား ဇက် စတပ်ဖန်ကို ဒုတိယအကြိမ် အငှား အဖြစ် ဂျာမန်ကလပ် Fortuna Dusseldorf ထံ ထပ်မံ စေလွှတ်လိုက်ပါတယ်။
စီးတီး တောင်ပံတိုက်စစ်သမား ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်း ကစားဟန် တိုးတက်လာအောင် ကူညီပေးနိုင်ပြီး ဂျာမန်သားကို ဘိုင်ယန်ဂျာစီနဲ့ မြင်လိုနေပြီ ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မန်စီးတီး၊ မန်ယူတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကလပ်အသင်း စပို့တင်းလစ္စဘွန်းမှ အကြီးအကဲနှစ်ဦးဟာ မန်ချက်စတာသို့ ရောက်ရှိလာကြောင်း ဒေသခံ အခြေစိုက်သတင်းများက ဖော်ပြလာပါတယ်။ ၄င်းတို့ နှစ်ဦးဟာ မန်ယူနဲ့ မဟုတ်ဘဲ မန်စီးတီး အသင်း တာဝန်ရှိသူများနဲ့ ဆွေးနွေးဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီး လူငယ်ဂိုးသမား မူရစ်ဟာ အသင်းနဲ့ ၂၀၂၄ ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုပြီးနောက် နော့တင်ဟမ် ဖောရက်စ်အသင်းထံ အငှားကစားရန် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အကြီးအကဲ ဖြစ်သူ Karl-Heinz Rummenigge က သိပ်မကြာခင်ပဲ မန်စီးတီး တိုက်စစ်သမား လီရွိုင်း ဆာနေးနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်များ ဆွေးနွေးနိုင်တော့မယ် ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ဘိုင်ယန်ဘက်က လက်မလျှော့သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။