ဒီတစ်ပတ် ပရီးမီးယားလိဂ် ရဲ့ ပွဲကြီးပွဲကောင်း ဖြစ်ပြီး ၊ ဒီရာသီ လူတော်တော်များများ စိတ်အား ထက်သန်စွာ စောင့်ဆိုင်း နေကြတဲ့ ပွဲတွေ ထဲက တစ်ပွဲကတော့ လာမည့် တနင်္ဂနွေနေ့ အန်ဖီး မှာ မန်ချက်စတာယူနိုက်တက် အသင်း လာရောက် ကစားမယ့် ပွဲပဲ ဖြစ်ပါတယ်။

ပ၇ီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင် ကတော့ အင်္ဂလန်ဒါဘီ လို့ တင်စား ထားတဲ့ လီဗာပူး နဲ့ မန်ယူနိုက်တက် အသင်းတို့ရဲ့ ပွဲအပါအ၀င် ဒီတစ်ပတ် လိဂ်ပွဲစဉ် ကို ယခုလိုပဲ ခန့်မှန်း ပေးသွား ခဲ့ပါတယ်။

၁~ မန်စီးတီး Vs အဲဗာတန်

စီးတီး ဟာ အဲဗာတန် နဲ့ အီတီဟတ် မှာ တွေ့ဆုံ ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲ စလုံး အနိုင် မရခဲ့ပါဘူး။ ဒါပေမယ့် ချန်ပီယံ အသင်း ဟာ ပြီးခဲ့တဲ့ တစ်ပတ် က ချဲလ်ဆီး ကို စတန်းဖို့ဘရစ်ခ်ျမှာ ရှုံးနိမ့် ခဲ့မှုကနေ ပြန်လည် ရုန်းထွက် လာမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

အဲဗာတန် အသင်းကတော့ ဒီရာသီ ကစားပုံ ကောင်းမွန်လျက် ရှိပေမယ့် စီးတီးဟာ နောက်ဆုံး အိမ်ကွင်း လိဂ်ပွဲစဉ် ၉ ပွဲစလုံး အနိုင် ရရှိ ထားခဲ့ပြီး သွင်းဂိုး က ၃၃ ဂိုး ထိ ရှိနေ ပါတယ်။ ကျွန်တော် ကတော့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ စနေနေ့ အစောပိုင်း ပွဲစဉ်မှာ အမှတ်ပေးဇယား ထိပ်ကို ပြန်လည် ရောက်ရှိသွားမယ်လို့ မျှော်လင့် ထားပြီး အဲဗာတန် အသင်းကတော့ တိုက်စစ် ဖွင့်ကစားကြမယ့် အဆိုပါ ပွဲရဲ့ အစိတ်အပိုင်း အဖြစ် ပါဝင်မယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့.. မန်စီးတီး 3 – 1 အဲဗာတန်

၂~ တော့တင်ဟမ် Vs ဘန်လေ

ဘန်လေ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန် နဲ့ အိမ်ကွင်းပွဲစဉ် မှာ အရေးပါတဲ့ ရမှတ် ၃ မှတ် ကို ၇ယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေ ဟာ တပ်မိုး ပြင်ပမှာတော့ ဆက်လက် ရုန်းကန် နေရဆဲ ဖြစ်ပြီး နောက်ဆုံး လိဂ် အဝေးကွင်း ပွဲစဉ် ၁၀ ပွဲမှာ ရမှတ် ၆ မှတ်သာ စုဆောင်း နိုင်ခဲ့ ပါတယ်။

စပါးအသင်း ကတော့ ကြားရက်က ဘာစီလိုနာ အသင်းကို စပိန်မြေမှာ ၁ ဂိုး စီ သရေ ကစားခဲ့ပြီး အင်္ဂလန် ၄ သင်းစလုံး ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်အောင် စွမ်းဆောင် နိုင်ခဲ့တာကြောင့် ယုံကြည်မှုက အမြင့်ဆုံး ကို ရောက်နေမှာ ဖြစ်ပါတယ်။ ကျွန်တော့် အတွက် ကတော့ စပါး အသင်းရဲ့ သက်တောင့်သက်သာ အိမ်ကွင်း နိုင်ပွဲ ပါပဲ။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့.. စပါး 2 – 0 ဘန်လေ

၃~ ဘရိုက်တန် Vs ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် အချို့ကို ရှုံးနိမ့် ထားခဲ့ ပါတယ်။ ဘရိုက်တန် အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၀ ပွဲမှာ ရှုံးပွဲ တစ်ပွဲသာ ရှိသေးပေမယ့် ဆာရီ ရဲ့ အသင်းဟာ အဝေးကွင်း မှာ ရမှတ်တွေ ရယူ နိုင်စွမ်း ရှိတဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားပါတယ်။ ချဲလ်ဆီး အသင်းဟာ ဒီနှစ်သင်းကြား တွေ့ဆုံ ခဲ့တဲ့ ထိပ်တန်းလိဂ် ပွဲစဉ် ၆ ပွဲစလုံး အနိုင် ရထား ခဲ့ပါတယ်။ ဘရိုက်တန် အသင်း ချဲလ်ဆီး အသင်းကို နောက်ဆုံး အနိုင် ရရှိ ခဲ့တဲ့ ပွဲကတော့ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်က အက်ဖ်အေဖလား တတိယ အဆင့် ပွဲမှာပဲ ဖြစ်ပါတယ်။

အီဒက်ဟာဇက် ဟာ ၎င်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲစလုံး ဂိုးဖန်တီးမှု ပြုလုပ် ထားနိုင်ခဲ့ပြီး ဘယ်ဂျီယံ လက်ရွေးစင် ဟာ နောက်ပိုင်း ပွဲတွေမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရ နေပါတယ်။ Amex ကွင်း မှာ ကစားကြမယ့် ဒီပွဲမှာ ဟာဇက်ဟာ ခြားနားမှုကို ဖြစ်သွား စေနိုင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့.. ဘရိုက်တန် 1 – 2 ချဲလ်ဆီး

၎~ ဆောက်သမ်တန် Vs အာဆင်နယ်

အာဆင်နယ် အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၇ ပွဲမှာ အနည်းဆုံး သွင်းဂိုး ၂ ဂိုးရယူ နိုင်ခဲ့ပြီး အူနိုင်းအမ်မရီ ရဲ့ အသင်းဟာ စိန့်မေရီမှာလည်း ဖျော်ဖြေမှု ပေးနိုင်မယ့် ဒီပွဲမှာ ဂိုးတွေ သွင်းယူ သွားမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

ဂန်းနား တို့ကတော့ ဆောက်သမ်တန် နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ပွဲမှာ ၂ ပွဲ သာ ရှုံးနိမ့် ထားခဲ့ပြီး အိမ်ရှင် အသင်း ဟာ ၁၄ ပွဲဆက် နိုင်ပွဲ ပျောက်နေပါတယ်။ စိန့်တို့ အတွက် ခက်ခဲပြီး စိတ်ပူစရာ ကောင်းတဲ့ အချိန် ဖြစ်နေကာ ကျွန်တော် ကတော့ ဆောက်သမ်တန် တို့ ပုံစံကောင်း ရနေတဲ့ အာဆင်နယ် ထံကနေ ဘာတစ်ခုမှ ရသွားမယ်လို့ မထင်ပါဘူး။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့..ဆောက်သမ်တန် 1 – 3 အာဆင်နယ်

၅~ လီဗာပူး Vs မန်ယူနိုက်တက်

လီဗာပူး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံ ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲကို အနိုင် မရထားတာကို တွေ့ရတာ ကျွန်တော် အံ့သြ မိပါတယ်။ ဒါပေမယ့် ဒီတစ်ပတ် ရဲ့ ပွဲကြီးပွဲကောင်း မှာတော့ အိမ်ရှင် အသင်း အန်ဖီးမှာ အနိုင် ၃ မှတ် ရယူ သွားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီနှစ်သင်း အန်ဖီး မှာ နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ လိဂ်ပွဲစဉ် အချို့မှာ ဂိုးမရှိ သရေတွေ နဲ့ ပွဲပြီးခဲ့ ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဟာ ဒီ၇ာသီ ပရီးမီးယားလိဂ် မှာ Clean Sheets တွေ ၇ဖို့ အတွက် ရုန်းကန် နေရပါတယ်။ ဟိုဆေး မော်ရင်ညို ရဲ့ အသင်း လီဗာပူး ကို ထိန်းချုပ် နိုင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော် အံ့သြ မိမှာပါ။

လီဗာပူး ရဲ့ နာမည်ကျော် ၃ ဦးတွဲ တိုက်စစ် ဖြစ်တဲ့ မာနေး ၊ ဆာလား ၊ ဖာမီနို တို့ဟာ မန်ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် မှာ ရင်ဆိုင်ခဲ့တဲ့ စုစုပေါင်း ၈၅၅ မိနစ်မှာ သွင်းဂိုး ၊ ဂိုးဖန်တီးမှု တစ်ကြိမ်မှ ပြုလုပ် ထားနိုင် ခဲ့ခြင်း မရှိသေးပါဘူး။ ကျွန်တော် ကတော့ အန်ဖီး မှာ လီဗာပူး ရဲ့ ၃ ဦးတွဲ တိုက်စစ် ဟာ ဒီမှတ်တမ်းကို ချေဖျက်ဖို့ ကြိုးစား လာမှာ ဖြစ်ပြီး ဒီလို ကြီးကြယ်တဲ့ အသင်း နှစ်သင်း ရဲ့ ပြိုင်ဆိုင်မှု ဟာ အလွန်ပြင်းထန် နေမှာတော့ သေချာပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့.. လီဗာပူး 2 – 1 ယူနိုက်တက်

ကျန်ပရီးမီးယားလိဂ် ပွဲတွေ အတွက် ခန့်မှန်းချက်တွေ ကတော့ ..

ခရစ်စတယ်ပဲလေ့စ် 0 – 0 လက်စတာ
ဟယ်ဒါဖီး 1 – 1 နယူးကာဆယ်
ဝက်ဖို့ဒ် 2 – 1 ကာဒစ်
ဝုဖ် 1 – 0 ဘုန်းမောက်
ဖူဟမ် 2 – 2 ၀က်ဟမ်း