ခရစ္စတီးနားခီဟာ သူရိုက်ကူးလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ခင်ပွန်းဖြစ်သူ ဇဏ်ခီက ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖြစ်တဲ့အကြောင်းကိုပြောပြလာပါတယ်. ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံရတဲ့အခါမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်.

ခရစ္စတီးနားခီဟာ မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲမှာလည်း အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက် အဖြစ်ရ ပ်တည်နေတာဖြစ်ပါတယ်.  ဥပါယ်တံမျဉ်. မုဒြာခေါ်သံ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်းရိုက်ကူးခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း ခေါင်းဆောင်မင်းသား တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်. မကြာခင်ရိုက်ကူးတော့မယ့် ”ထာဝရ နှောင်ကြိုး” ဇာတ်ကားမှာလည်း ဇဏ်ခီက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း မီဒီယာတွေကနေ ပြောပြလာပါတယ်.

”ထုတ်လုပ်သူတွေဘက်က ကြည့်ရင်လည်း ဈေးကွက်ထဲဝင်နေတဲ့ မင်းသားတွေထဲမှာ ဘယ်သူဟာ အချိန်ပေးနိုင်ဆုံးလဲဆိုတာရှိတယ်. ဆရာနဲ့ လေ့ကျင့်ရတာတွေ. လေ့ကျင့်ခံရတာတွေ ၅ လ ရုပ်ပြောင်းရုပ်လွဲ အကုန်လုံးကို လုပ်ပေးနိုင်တဲ့သူဟာ ဘယ်သူဖြစ်မလဲပေါ့. အဲ့ဒီလို ဖြစ်နိုင်မယ့် အရာကိုလည်း ထည့်တွက်ရတယ်ပေါ့. အစ်မ ရိုက်ချင်တာ ရိုက်ဖို့အတွက် ပိုက်ဆံထုတ်ပေးထားတာမဟုတ်ဘူးလေ. သူတို့အတွက် ပိုက်ဆံပြန်ဝင်မယ့် မင်းသားကိုလည်း သူတို့ ရွေးမှာပေါ့” လို့ သူကဆိုပါတယ်.

ခရစ္စတီးနားခီဟာ ဒါရိုက်တာ တစ်ယောက်ဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူကိုပဲ ဇာတ်ကား သုံးကားစလုံးမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်း ဆက်လက်ပြောပြလာပါတယ်. သူမအနေနဲ့ ပရိသတ်ရွေးချယ်မှုကိုသာ ဦးစားပေးတယ်လို့ ဆိုပါတယ်.

” ပြဿနာက ဘာလဲဆိုတော့ အစ်မက သူ့မိန်းမဖြစ်သွားတော့ အစ်မရွေးလိုက်တိုင်း သူဖြစ်နေတဲ့အချိန်မှာ မေးခွန်းတစ်ခုဖြစ်သွားတာပေါ့လေ. ရုပ်ရှင်က အခုဆို ၃ ကားပဲရှိသေးတယ်ပေါ့. ကိုဇဏ်ခီဖြစ်လာတယ်ဆိုတာ အစ်မရွေးလိုက်လို့ မဟုတ်ပဲ ပရိသတ်က ရွေးလိုက်လို့ ဇဏ်ခီဆိုတာ ဖြစ်လာတာပါ. ပရိသတ်ကလည်း ရိုက်စေချင်တယ်” လို့ ဆိုပါတယ်.

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံဟာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ကတည်းက ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရသူဖြစ်ပါတယ်. အခက်အခဲတွေ ကြားက အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ရတဲ့ အကြောင်းကို လည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်.

” ဝေဖန်တာကတော့ ဝေဖန်ကြမှာပဲ. အချိန်တွေ ပိုနေလို့ပါ လုပ်စရာတွေ. ကြိုးစား အားထုတ်မှုတွေ အရမ်းများလာတဲ့ လူတွေတိုင်းမှာ သူများရဲ့ ဘဝတွေကို အရမ်းကြီး အရမ်းကြီး စိတ်မဝင်စားတော့ပါဘူး. အစ်မတို့ဆိုရင် ပင်ပန်းလွန်းလို့ Facebook တောင် သိပ်မသုံးနိုင်ဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့က canal+ ခရီးသွားကောက်ကြောင်း စာနယ်ဇင်းပွဲမှာ ဖြေဆိုခဲ့တာပါ.

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ” ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။မကြာခင်မှာလည်း တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ”ထာဝရ နှောင်ကြိုး” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မှာဖြစ်ပါတယ်.