ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့တဲ့ အာဆင်နယ် အသင်း

အိမ်ရှင် ဆောက်သမ်တန် အသင်းဟာ ၃-၄-၂-၁ ကစားကွက် နဲ့ ပွဲထွက်လာပြီး ဂိုးသမား နေရာမှာ မက္ကာသီ ၊ နောက်တန်းမှာ ဘက်နာရက် ၊ ဗက်စတာဂတ် ၊ ယိုရှီဒါ ၊ အလယ်တန်း မှာ ဗလာရီ ၊ ဟော့ဘက်ဂ်ျ ၊ ရိုမီအူ ၊ တာဂတ် ၊ ရှေ့ တန်းမှာတော့ ရက်ဒ်မွန် ၊ အမ်းစထရောင်း ၊ ဒန်နီအင်စ့် တို့ ကို အသုံး ပြုလာပါတယ် ။

ဧည့်သည် အာဆင်နယ် အသင်းကတော့ ၃-၄-၂-၁ ကစားကွက် ကို ခင်းကျင်းလာပြီး ဂိုးသမား နေရာမှာ လီနို ၊ နောက်တန်းမှာ လက်ခ်ျစတိုင်နာ ၊ ကော့စီရယ်နီ ၊ ရှာကာ ၊ အလယ်တန်းမှာ ဘယ်လာရင် ၊ ဂူအမ်ဒူဇီ ၊ တော်ရီးယား ၊ မွန်ရီရဲလ် ၊ ရှေ့တန်းမှာ အူဘာမီယန်း ၊ အီဝိုဘီ ၊ မီခီတာရန်း တို့နဲ့ ပွဲထွက် လာပါတယ် ။ အရန်လူစာရင်းမှာတော့ အိုဇေးလ် ၊ ရမ်ဆေး ၊ လာကာဇက် ၊ အန်ကီးတီးယား ၊ မိတ်လန်နိုင်းလ်စ် ၊ အယ်နီနီ ၊ ပီတာဆက်ခ်ျ တို့ ပါဝင်လာပါတယ် ။

ပထမပိုင်း
*****
ပထမပိုင်း ပွဲချိန် ၅ မိနစ်မှာ အာဆင်နယ် အသင်း ကွင်းလယ်လူ ဂူအမ်ဒူဇီ ရဲ့ တိကျတဲ့ ပေးပို့မှုကို အူဘာမီယန်း တစ်ချက် ထိန်းပြီး ကန်သွင်းခဲ့ပေမယ့် ဆောက်သမ်တန် အသင်း ဂိုးသမား ကာကွယ် သွား နိုင် ခဲ့ ပါ တယ် ။

ပွဲချိန် ၁၆ မိနစ်မှာ ဆောက်သမ်တန် အသင်း ကစားသမား ရက်ဒ်မွန် တစ်ကိုယ်တော် ဆွဲပြေးလာပြီး ကန်သွင်းရာမှာ အာဆင်နယ် အသင်း နောက်ခံလူတွေနဲ့ ထိထွက် သွားခဲ့တာကြောင့် ထောင့်ကန်ဘောနဲ့ပဲ ကျေနပ် လိုက်ရပါတယ် ။

ဆောက်သမ်တန် အသင်းရဲ့ တိုက်စစ် ကစားသမား ရက်ဒ်မွန် ရဲ့ တိုးအား ၊ ရုန်းအား ၊ ပြေးအား တွေဟာ အာဆင်နယ် အသင်း ခံစစ် ကစားသမားတွေ အလုပ်ရှုပ်စေခဲ့ပြီး သူ့ရဲ့ ဖန်တီး ပေးပို့မှုကို အမ်းစထရောင်း ကန်သွင်း ခဲ့ပေမယ့် လီနို ကာကွယ် သွားနိုင်ခဲ့ပါတယ် ။

GOAL !!!! ပွဲချိန် မိနစ် ၂၀မှာတော့ အိမ်ရှင် ဆောက်သမ်တန် အသင်း အဖွင့်ဂိုး စတင် ရရှိ သွားခဲ့ပြီး တာဂတ် ရဲ့ ဖြတ်တင် ပေးပို့မှု ကို တိုက်စစ်မှူး ဒန်နီအင်စ့် က ခေါင်းတိုက် သွင်းယူ ပေးခဲ့တာပါ ။ GOAL !!! ပွဲချိန် ၂၇ မိနစ်မှာတော့ အာဆင်နယ် အသင်းဟာ ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး ဘယ်နောက်ခံလူ မွန်ရီရဲလ် ဖြတ်တင် ပေးပို့လိုက်တာကို မီခီတာရန်းက ခေါင်းတိုက် ပိတ်သွင်း သွားတာပါ ။

တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဆောက်သမ်တန် အသင်းရဲ့ တန်ပြန်တိုက်စစ် တွေဟာ အာဆင်နယ် အသင်း ခံစစ်ကို အခက်တွေ့ စေခဲ့ပြီး ကစားရ အတော်လေးကျပ် နေတာကို တွေ့ရပါတယ် ။ GOAL !!! ပထမပိုင်း ပြီးခါနီး ပွဲချိန် ၄၄ မိနစ်မှာ ဆောကိသမ်တန် အသင်းဟာ ဦးဆောင်ဂိုး ပြန်လည် ရရှိသွားခဲ့ပြီး ရက်ဒ်မွန် ရဲ့ ဖြတ်တင် ပေးပို့မှုကို ဒန်နီအင့်စ် ကပဲ ခေါင်းတိုက် အဆုံးသတ်ခဲ့တာပါ ။ ပထမပိုင်း အပြီးမှာတော့ အိမ်ရှင် ဆောက်သမ်တန် အသင်းကပဲ နှစ်ဂိုး တစ်ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ် ။

Second Half
********
အာဆင်နယ် အသင်းဟာ ဒုတိယပိုင်း မစခင်မှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတဲ့ ညာနောက်ခံလူ ဘယ်လာရင် ရဲ့ နေရာမှာ တိုက်စစ်မှူး လာကာဇက်ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ် ။ ဒုတိယပိုင်း စစချင်းမှာပဲ မီခီတာရန်း ရဲ့ ပေးပို့မှုကို အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း အနီးကပ် ကန်သွင်းခဲ့ပေမယ့် ဆောက်သမ်တန် ဂိုးသမား မက္ကာသီ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။

GOAL !!! ပွဲချိန် ၅၃ မိနစ်မှာတော့ အာဆင်နယ် အသင်း ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး တိုက်စစ်မှူး လာကာဇက် ရဲ့ ပေးပို့မှုကို မီခီတာရန်း ကန်သွင်းရာမှာ ဆောက်သမ်တန် အသင်း နောက်ခံလူ ဗက်စတာဂတ်နဲ့ ထိပြီး ဂိုးဝင် သွားခဲ့တာပါ ။ ဆောက်သမ်တန် အသင်းဟာ တောင်ပံ ကနေ ဖြတ်တင်ဘောတွေနဲ့ ဂိုးရရှိဖို့ ကြိုးစား ကစားခဲ့ပြီး အတော်လေးလည်း အလုပ်ဖြစ်ခဲ့တာကို တွေ့ရပါတယ် ။

ပွဲကစားချိန် ၆၉ မိနစ်မှာ အာဆင်နယ် အသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန် နေရတဲ့ အီဝိုဘီ ရဲ့ နေရာမှာ ကွင်းလယ် ဖန်တီးရှင် အိုဇေးလ်ကို လူစားလဲ အသုံးပြု ခဲ့ပါတယ် ။ ပွဲချိန် ၇၄ မိနစ်မှာတော့ ဒဏ်ရာ ရရှိသွားတဲ့ လက်ခ်ျစတိုင်နာ ရဲ့ နေရာမှာ လူငယ် နောက်ခံလူ မိတ်လန် နိုင်းလ်စ် ကို လူစားလဲ အသုံးပြု ခဲ့ပါတယ် ။

ပွဲကစားချိန် ၇၆ မိနစ်မှာ ဆောက်သမ်တန် အသင်း နောက်ခံလူ ယိုရှီဒါရဲ့ သေသပ်တဲ့ ခေါင်းတိုက်ချက်ကို အာဆင်နယ် အသင်း ဂိုးသမား လီနို အံ့သြသင့်ဖွယ် လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ GOAL !!! ပွဲချိန် ၈၄ မိနစ်မှာတော့ ဆောက်သမ်တန် အသင်း ဦးဆောင်ဂိုး ပြန်လည် ရရှိသွားခဲ့ပြီး ရှိန်းလောင်း ခုတ်တင်ပေးလိုက်တာကို အော်စတင်က ခေါင်းတိုက် သွင်းယူ သွားခဲ့တာပါ ။

အော်စတင်ဟာ အာဆင်နယ် အသင်း နဲ့ ထိပ်တိုက် တွေ့ဆုံတဲ့ ငါးကြိမ်စလုံးမှာ ဂိုးသွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ပွဲပြီးခါနီးမှာ အာဆင်နယ် အသင်းဟာ ချေပဂိုး ပြန်လည် ရရှိဖို့ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဆောက်သမ်တန် အသင်းရဲ့ ခံစစ်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိဘဲ ၃-၂ နဲ့ ပဲ ပွဲ ပြီး သွား ခဲ့ ပါ တယ် ။ ဆောက်သမ်တန် အသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေရာကနေ နိုင်ပွဲ ပြန်လည် ရရှိ သွားခဲ့တာ ဖြစ်ပြီး အာဆင်နယ် အသင်း ကတော့ ပြိုင်ပွဲစုံ ၂၂ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ရပ်တန့် သွားခဲ့ ရပါပြီ ။

ခက်ခက်ခဲခဲ အဝေးကွင်း နိုင်ပွဲ ရခဲ့တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ဒုတိယ နေ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ဘရိုက်တန် – ချယ်လ်ဆီး ပွဲစဉ် ကို ဘရိုက်တန် အသင်း ရဲ့ အိမ်ကွင်း Amex Stadium မှာ ကျင်းပ ကစားခဲ့ ပါတယ် ။ အိမ်ရှင် ဘရိုက်တန် က ၄ – ၅ – ၁ ကစားကွက် နဲ့ ပွဲထုတ် ခဲ့ပြီး ဂိုးသမား နေရာ မှာ ရိုင်ယန် ၊ နောက်တန်း မှာ မွန်တိုယာ ၊ ဘာလိုဂန် ၊ ဒန့်ခ် ၊ ဘာနက်ဒို ၊ ကွင်းလယ် မှာ စတီဖင် ၊ ပရော့ပါ ၊ နော့ခ်ဟာ့တ် ၊ ဂရော့စ် ၊ မာ့ခ်ျ ၊ တိုက်စစ် မှာ ဂလင်း မာရေး တို့နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။

ဧည့်သည် ချယ်လ်ဆီး ဖက်က တော့ မန်စီးတီး ကို ၂ ဂိုးပြတ် နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ် က ကစားသမား အခင်းအကျင်း အတိုင်း ၄ – ၃ – ၃ ကစားဟန် နဲ့ ဂိုးသမား နေရာ မှာ ကီပါ ၊ နောက်တန်း မှာ အက်ဇ်ပီလီကွီတာ ၊ ဒေးဗစ် လူးဝဇ် ၊ ရူဒီဂါ ၊ မားကို့စ် အလွန်ဆို ၊ ကွင်းလယ် မှာ ဂျော်ဂျင်ဟို ၊ ကန်တေ ၊ ကိုဗာဆစ် ၊ တိုက်စစ်မှာ ဝီလီယံ ၊ ပတ်ဒရို ၊ ဟာဇတ် တို့ နဲ့ ကစား စေခဲ့ ပါတယ် ။

ပထမပိုင်း

ပွဲချိန် ၁၄ မိနစ်မှာ ဟာဇတ် – ဝီလီယံ တို့ အပေးအယူ လုပ်ရင်း အလွန်ဆို ကို ဖြန့်ပေးခဲ့ ပေမယ့် အလွန်ဆို ရဲ့ ကန်ချက် ကို ဘရိုက်တန် ဂိုးသမား ရိုင်ယန် ကာကွယ် နိုင်ခဲ့ ပါတယ် ။ Goal !!! ချယ်လ်ဆီး … ။ ပွဲချိန် ၁၆ မိနစ် မှာ ဟာဇတ် တကိုယ်တော် ဆွဲပြေးပြီး ပတ်ဒရို ကို ခင်းပေး ခဲ့ပြီး ပတ်ဒရို က အသာအယာ အဆုံးသတ် ပြနိုင် ခဲ့ပါတယ် ။ ပွဲချိန် မိနစ် ၃၀ မှာ ကိုဗာဆစ် လူမှား ပေးရာမှ တဆင့် မာ့ခ်ျ အဝေးကန်ချက် နဲ့ ခြိမ်းခြောက် နိုင်ခဲ့ ပေမယ့် ဂိုးသမား ကီပါ အကောင်းဆုံး ကာကွယ် သွားခဲ့ ပါတယ် ။

Goal !!! ချယ်လ်ဆီး … ။ ၃၃ မိနစ် မှာ ကောင်တာ မှ တဆင့် ဝီလီယံ ရဲ့ ပေးပို့မှု ကို အီဒင် ဟာဇတ် တောက်လျှောက် ဆွဲပြေး ကန်သွင်း ခဲ့ပြီး ချယ်လ်ဆီး အတွက် ဒုတိယ ဦးဆောင်ဂိုး ကို ရယူ ပေးခဲ့ ပါတယ် ။ ပွဲချိန် မိနစ် ၄၀ မှာ ဝီလီယံ ရဲ့ ထောင့်ကန်ဘော ကို ရူဒီဂါ အပိုင် ခေါင်းတိုက် ခဲ့ပေမယ့် ဂိုးပေါက် နဲ့ လွဲချော်ခဲ့ ရပြန် ပါတယ် ။ ပထမပိုင်း အပြီး မှာတော့ ချယ်လ်ဆီး ကပဲ သွင်းဂိုး ၂ ဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ ပါတယ် ။

အိမ်ရှင် ဘရိုက်တန် အသင်း ဟာ တန်ပြန် တိုက်စစ် ကိုပဲ အားပြု ကစား နေခဲ့ပြီး ချယ်လ်ဆီး ဖက်က အမှား တွေကို စောင့် ကစား ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ဧည့်သည် ချယ်လ်ဆီး ကတော့ ဇယားထိပ်ပိုင်း က အသင်းတွေ ကို ဆက်လက် ဖိအား ပေးနိုင်ဖို့ ပွဲ အစ ကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ပွဲကို စိုးမိုး ခဲ့ပါတယ် ။

ဘရိုက်တန် ကစားသမား တွေဟာ ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား တွေကို အဓိက ပစ်မှတ် ထား ဖျက်ထုတ် ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကတော့ အဝါကတ် ပြပြီး သတိပေး တာမျိုး မလုပ် ခဲ့ပါဘူး ။ ဘရိုက်တန် ကတော့ ဂိုးပေါက် ကန်သွင်းဖို့ ထက် အချင်းချင်း အပေးအယူ က အစ လွဲချော် နေခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ချယ်လ်ဆီး ဖက်ကတော့ ရရှိ လာတဲ့ အခွင့်အရေး ၂ ကြိမ် ကို အကောင်းဆုံး အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒုတိယပိုင်း

ပွဲပြန်စ ပြီး ၃ မိနစ် အကြာ မှာပဲ အက်ဇ်ပီလီကွီတာ ရဲ့ အနိမ့်ဘော ပေးပို့မှု ကို ဟာဇတ် အပိုင် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ထိချက် လွဲခဲ့ ပါတယ် ။ ပွဲချိန် ၅၄ မိနစ် မှာ ကိုဗာဆစ် ကို ဖျက်ထုတ် ခဲ့လို့ ဒန့်ခ် အဝါထိ ခဲ့ပါတယ် ။ ပွဲချိန် ၅၉ မိနစ် မှာ မာရေး အစား အန်ဒုန်း ဝင်ကစား ပါတယ် ။ ပွဲချိန် ၆၂ မိနစ် မှာ အလွန်ဆို ရဲ့ အဝေးကန်ချက် တိုင်ထိ ထွက်ခဲ့ ပါတယ် ။ Goal !!! ၆၆ မိနစ် မှာ ဘရိုက်တန် ဖက် က ချေပဂိုး ပြန် ရခဲ့ပြီး ဘာနက်ဒို ရဲ့ ခေါင်းတိုက် ချပေးတာ ကို မာ့ခ်ျ အပိုင် ပိတ်သွင်း နိုင်ခဲ့ ပါတယ် ။

ဆက်တိုက် ဆိုသလို ပဲ ပတ်ဒရို အစား လော့ဖ်တပ်စ်ချိခ် ဝင်ကစား ခဲ့ပါတယ် ။ ပွဲချိန် ၆၇ မိနစ် မှာ ဒေးဗစ် လူးဝဇ် ကို ကစားပုံ ကြမ်းခဲ့တဲ့ အန်ဒုန်း အဝါထိ ခဲ့ပါတယ် ။ ပွဲချိန် ၇၅ မိနစ် မှာ ကိုဗာဆစ် အစား ဘာကလေ ဝင်ကစား ပါတယ် ။ ပွဲချိန် ၈၁ မိနစ် မှာ ဂရော့စ် အစား ဘစ်ဆူမာ လူစားဝင် ကစား ပါတယ် ။ ပွဲချိန် ၈၃ မိနစ် မှာ ဟာဇတ် အစား ဂျရူး ဝင်ကစား ပါတယ် ။ တဆက်တည်း မှာပဲ ဘရိုက်တန် ဖက်က နော့ခ်ဟာ့တ် အစား လိုကာဒီယား ဝင်ကစား ပါတယ် ။ ပွဲအပြီး ထိ အိမ်ရှင် ဘရိုက်တန် က ချေပဂိုး ဆက်မသွင်း နိုင်ခဲ့ပဲ ချယ်လ်ဆီး ကပဲ ၂ – ၁ နဲ့ နိုင်ပွဲ ရခဲ့ ပါတယ် ။

SPORTS MYANMAR