ပရိသတ်အားပေးလက်ခံမှုကို အများအပြားရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ လင်မယားနှစ်ဦးဟာ သူတို့ကိုယ်တိုင် သီဆိုထားတဲ့ “အမှား”ဆိုတဲ့ သီချင်းကို ဒီဇင်ဘာလ၆ရက်နေ့က ပရိသတ်လက်ထဲကို ချပြပေးခဲ့ပါတယ်။ ဒီသီချင်းကိုဆိုတဲ့ နေရာမှာ အဆိုတော်ဖြစ်တဲ့ ရွှေထူးက အခက်အခဲသိပ်မရှိပေမယ့်လည်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုံရတီက ဒီသီချင်းကို အချိန်တိုင်း ကျက်ခဲ့ရကာ Readyဖြစ်ပြီး အသံသွင်းတာတောင်၈နာရီလောက် ကြာခဲ့တယ်လို့ MCရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ရွှေမှုံရတီက “သဲအသံကလေ အဲ့တာလေ မိုက်ထဲရောက်ရင် သေးသေးလေးဖြစ်သွားတယ် ဘာဖြစ်လို့မှန်းမသိဘူး။ အဲ့တာ သဲအသံအကုန်ပဲ။ အဲ့လိုမျိုးဆိုတော့ ထက်ပြီးတော့ အသံကကျယ်လို့လဲမရတော့ အဲ့လိုအသံမျိုး ဖြစ်နေတာပေါ့နော်။ ပြင်ထားတာတော့ မဟုတ်ပါဘူး သဲ နဂိုအသံပါပဲ။”လို့ ပြောခဲ့ပြီး သီချင်းလေးကို ရွှေထူးက ဘယ်တုန်းက ရေးပေးထားခဲ့လဲလို့ မေးမြန်းရာ “ဒီသီချင်းလေးကို ဘယ်တုန်းက ရေးပေးထားတာလဲဆိုတော့ ကြိုက်ပြီး တစ်လလောက်မှာ သူရေးတယ် ရေးပြီးတော့ သူTrainတယ်ပေါ့နော် ဘယ်လောက်အထိ Trainလည်းဆိုရင် ရေချိုးလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့။

အိမ်သာသွားလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့ လမ်းလျှောက်လည်း အဲ့သီချင်းပဲဆိုတော့ အဲ့တာကိုပဲ တော်တော်ကြာကြာ Trainလိုက်ပြီးတော့ စတူဒီယိုထဲမှာ သွင်းခိုင်းတယ် Readyဖြစ်ပြီဆိုတော့မှ သွင်းခိုင်းတော့ အဲ့တစ်နေ့ထဲမှာ မနက်မိုးလင်းထဲက သွင်းလိုက်တာ အချိန်အားလုံးပေါင်း၈နာရီ ကြာတယ်။ ၈နာရီလောက်သဲလုံးဝ မတ်တပ် မထိုင်ခိုင်းဘူး။ သဲကို သွင်းခိုင်းတာ သွင်းခိုင်းတာ သဲနောက်ဆုံးလေ လျှာတွေပါ ထွက်တော့မှ သူကြိုက်တဲ့နေရာရောက်တော့မှ သဲကိုလွှတ်ပေးတာ။ လျှာထွက်လည်း သူက လုံးဝမလွှတ်ပေးဘူး။

အဲ့တော့မှ အဲ့သီချင်းလေးက ဒီလောက်လောက် အသံသေးသေးလေးနဲ့ ထွက်လာတာ။ ဒါကလည်းကိုယ့် အသံအကုန်ပဲ မရှိတော့ဘူးဆိုတော့ အဲ့သီချင်းလေးက တော်တော် ပင်ပင်ပန်းပန်းနဲ့ သဲလုပ်ခဲ့ရတယ်။ ပြီးသွားရင် ဘာလဲ ရိုက်တဲ့ဟာ ရိုက်တဲ့ဟာဆိုရင် သူနဲ့ တော်တော်လေး ညှိလိုက်ရတယ်။ သူ့ကိုပေးပါအုန်းတဲ့ တစ်ကဒ်နှစ်ကဒ်လောက် သူလည်း ပါချင်တယ်တဲ့။ သဲက အဲ့မှာ အာကာနဲ့ တိုင်ပင်ပြီးတော့ ကိုယ်ရိုက်ထားတာဆိုတော့ ကိုယ်ဇာတ်လမ်းလေးလုပ်ထားတာဆိုတော့။ အဲ့မှာသူကပြောတာ ပါဦးမယ်တဲ့ သူ့လည်း ရိုက်ပေးအုန်းဆိုလို့ အဲ့မှာသူ့ကို ရိုက်ပေးရသေးတယ် အဲ့လိုမျိုးပေါ့နော်။

အဲ့တာက ရည်းစားဖြစ်ပြီးတော့ ထွက်တဲ့အခါကျတော့ မင်္ဂလာဆောင်ပြီးမှ ထွက်တာဆိုတော့ နည်းနည်းလေးတော့ကြာသွားတယ် ဘာလို့လဲ ဆိုတော့ သဲတို့က တင်စရာတွေက အရမ်းများသွားတော့ ပရိသတ်မျက်စိရှုပ်မှာဆိုးလို့ဆိုပြီး အချိန်ဆွဲရင်း ဆွဲရင်းနဲ့ ကြိုက်ပြီးထဲကနေ ယူပြီးတဲ့ အထိတောင် အခုမှတင်ဖြစ်သွားတာပေါ့နော်။ မှတ်မှတ်ရရလေ အဲ့တာက သဲတို့ရဲ့ အမှတ်တရနေ့လေးတစ်ခုမှာ ၆ရက်နေ့မှာ တင်လိုက်တာ။ ဆိုတော့ အမှတ်တရလေး ဖြစ်သွားတယ်။ ၆ရက်နေ့က ချစ်သူဖြစ်တဲ့နေ့ အဖြေပေးတဲ့နေ့။ အဲ့နေ့လေးမှာ တင်ဖြစ်သွားတယ်ပေါ့နော်။

အဲ့သီချင်းလေးကလည်း မှတ်မှတ်ရရလေးလည်း ဖြစ်တယ် နောက်ပြီးတော့ သူရဲ့ လက်ဆောင်ပေါ့။ သူ့ရဲ့လက်ဆောင်ဆိုတော့လည်း အရမ်းလည်း ပျာ်ရပါတယ်။ သီချင်းလေးကို ပရိသတ်ကြိုက်တယ်ဆိုတော့ အရမ်းလည်း ဝမ်းသာပါတယ်။ အကောင်းဆုံးကြိုးစားထားပါတယ်။ သဲတို့ကကျတော့ ပညာရှင်တွေမဟုတ်ဘူး ဝါသနာရှင်တွေဖြစ်တာကြောင့် သဲဆိုစဉ်အချိန်က ဆိုတတ်သလောက်လေး ဆိုထားတယ်။ အဲ့အတွက် ပရိသတ်မျက်စိနောက်သွားတယ်ဆိုရင် တောင်းပန်ပါတယ်လို့ အကောင်းဆုံး ကြိုးစားထားပါတယ်လို့ပဲ ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။