ရာသီကြိုအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြတဲ့ အာဆင်နယ် အသင်းသားတွေထဲမှာ မနှစ်က လိုက်ဇစ်အသင်းထံ အငှားထွက်ကစားနေတဲ့ ရိုဝီနဲ့ ကာလရှည် ဒဏ်ရာရနေတဲ့ ဟိုးဒင်းတို့လည်း ပါဝင်လာပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာအသစ် အီဒူးက ကလပ်အသင်းဟာ မန်နေဂျာ အာဆင်ဝင်းဂါးလက်ထက် အရှူံးမရှိပဲ တစ်ရာသီလုံး စွမ်းဆောင်နိုင်ခဲ့တုန်းကလို နိုင်ပွဲတွေကို ရယူနိုင်စွမ်းရှိတဲ့ စိတ်ဓါတ်တွေကို ပြန်လည် တည်ဆောက်ရမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဒန်နီ ဆီဘယ်လော့ကို အငှားနဲ့ ခေါ်ယူဖို့ အရှိန်မြင့် ကြိုးစားလာပါတယ်။ ကလပ် အသင်း နှစ်သင်းဟာ လာမယ့် ရက် ICC ဖလားမှာ တွေ့ဆုံဖို့ ရှိနေတာကြောင့် ထိုကာလမှာ သဘောတူညီမှုရစေရန် ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရအပြီး ဆက်လက်ယှဉ်ပြိုင်တဲ့ ကလပ်အသင်းရဲ့ ICC ဖလား ဒုတိယ ပွဲစဉ်မှာ ဖီရင်အိုတီးနားကို ဂိုးပြတ် အနိုင်ရခဲ့သလို အက်ဒီ အန်ကတ်တီရာကလဲ နှစ်ဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ် တောင်ပံကစားသမား အီဝိုဘီက ကလပ်အသင်းအနေနဲ့ ပဲလေစ့်တောင်ပံသမား ဇာဟာကို လက်မှတ်ထိုး ခေါ်ယူမယ်ဆိုရင် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ် မက်ဒရစ်အသင်းမှ လူးကပ်စ် ဗက်ဇ်ကွက်ကိုလည်း ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။ ရီးရဲလ်ဘက်က ရောင်းချလိုနေပေမယ့် ကစားသမားကတော့ မိသားစုကြောင့် လန်ဒန်သို့ ပြောင်းဖို့ စဉ်းစားနေဆဲ ဖြစ်ပါတယ်။