ပရိသတ်​​တွေချစ်​ကြတဲ့ ဒိတ်​ဒိတ်​ကြဲမင်းသား​တွေဖြစ်​တဲ့ ​နေတိုး၊ ​မင်း​မော်​ကွန်း၊ ​ကျော်​​ကျော်​ဗို၊ ထွန်းထွန်း နဲ့ ရဲ​လေးတို့ပါဝင်​တဲ့ နှင်းဆီအဖွဲ့ကို ပရိသတ်​ကြီး မှတ်​မိဦးမယ်​ထင်​ပါတယ်​။ အတိုင်​အ​ဖောက်​ညီညီနဲ့ ပြက်​လုံးဆန်းဆန်း​တွေကို ပြက်​နိုင်​တာ တကယ့်​လူရွှင်​​တော်​ကြီး​တွေလိုပါပဲ။ ဝါရင့်​လူရွှင်​​တော်​ကြီး​တွေလို ပွဲကို​ကောင်း​ကောင်းထိန်းသိမ်းတတ်​ပြီး ပရိသတ်​​တွေကို ဆွဲ​ခေါ်သွားနိုင်​တဲ့ အရည်​အချင်းက မ​သေးလှပါဘူး။ အဲ့ဒါ​ကြောင့်​လဲ ပရိသတ်​​တွေက နှင်းဆီအဖွဲ့ကို တစ်​ခဲနက်​အား​ပေးကြတာဖြစ်​ပါတယ်​။

နှင်းဆီအဖွဲ့ဟာ ခက်​ခဲ​နေတဲ့​နေရာ​ဒေသ​တွေ အကူအညီလိုအပ်​​နေတဲ့​နေရာ​တွေကို ကူညီ​ထောက်​ပံ့​ပေးတဲ့အ​နေနဲ့ ရန်​ပုံ​ငွေပွဲ​တွေ ကျင်းပ​လေ့ ရှိပါတယ်​။ နှင်းဆီအဖွဲ့ကို ဒါရိုက်​တာ ​မောင်​မျိုးမင်း (ရင်​တွင်းဖြစ်​) က ဦးစီးပြီး ​ဆောင်​ရွက်​ပါတယ်​။

ပရိသတ်​ကြီးချစ်​တဲ့ နှင်းဆီအဖွဲ့ဟာ အခုဆိုရင်​ သူတို့ရဲ့ အငြိမ့်​ပွဲကြီး ကျင်းပဖို့အတွက်​ စုံစုံလင်​လင်​နဲ့ ​ဆွေး​နွေး​နေကြတာဖြစ်​ပါတယ်​။ ပရိသတ်​ကြီးည အ​နေနဲ့ သူတို့​တွေကို ဇာတ်​စင်​ကြီး​ပေါ်မှာ တစ်​စည်းတစ်​လုံးတည်း ပြန်​​တွေ့ရဦးမှာပါ။

ပရိသတ်ကြီးစောင့်မျှော်နေတဲ့ နှင်းဆွအဖွဲဟာ လာမယ့်နှစ်သစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ “နှင်းဆီပဝါခြုံတဲ့လက်” ဆိုပြီး ကျင်းပတော့မှာဖြစ်ပါတယ်။ “နှင်းဆီပဝါခြုံတဲ့လက်” အငြိမ့်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။

လူရွှင်တော်များအဖြစ် ​နေတိုး၊ ​မင်း​မော်​ကွန်း၊ ​ကျော်​​ကျော်​ဗို၊ ထွန်းထွန်း နဲ့ ရဲ​လေးတို့အပြင် ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်နဲ့ မိုးယုစံတို့ကလဲ မင်းသမီးများအဖြစ် ပါဝင်ဖျော်ဖြေပေးမှာဖြစ်ပါတယ်။

အခုဆိုရင် ကြိုတင်လက်မှတ်တွေလဲ ရောင်းနေပြီမို့ နှင်းဆီအဖွဲ့ကို မျှော်နေတဲ့ ပရိသတ်ကြီးလဲ လက်မှတ်တွေကို ကြိုတင်ဝယ်ယူပြီး အားပေးလိုက်ကြပါဦးနော်။ နှင်းဆီအဖွဲ့ကြီးကတော့ ဘယ်လိုပုံစံနဲ့ ​နောက်​တစ်​ဖန်​ ပြန်​လည်​ထွက်​​ပေါ်လာဖို့ ပြင်​ဆင်​​နေလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။