အီတလီကလပ် Torino က ချယ်ဆီးအသင်းမှ အငှား လာရောက် ကစားနေတဲ့ နိုင်ဂျီးရီးယားသား Ola Aina ရဲ့ ခြေစွမ်းကို နှစ်သက်တဲ့အတွက် အပြီးသတ် ခေါ်ယူလိုနေပါတယ်။ ကစားသမားရဲ့ အငှားစာချုပ်မှာတော့ Torino ဘက်က အလိုရှိရင် ပေါင် ၁၀ သန်းနဲ့ ၀ယ်ယူနိုင်ခွင့် ပါရှိထားပါတယ်။

ကွာရာဘောင်းကွာတားဖိုင်နယ်အဆင့်မှာ ယှဉ်ပြိုင်ရတဲ့ ဘုန်းမောက်နဲ့ပွဲမှာ ချယ်ဆီးက 1-0 နဲ့ အနိုင်ရပြီး ဆီမီးအဆင့်ကို တက်ရောက်သွားပါပြီ ချယ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုယ်တော့ ဟာဇက်က သွင်းယူပေးခဲ့တာပါ။

ချယ်ဆီးနည်းပြ ဆာရီဟာ နာပိုလီကစားသမား ဟိုင်ဇက်ကို စတန်းဖို့ဘရစ်ခ်ျဆီ ခေါ်ယူဖို့ သူကိုယ်တိုင် ကစားသမားအေးဂျင့်ကို ဆက်သွယ်ပြီး ဆွေးနွေးမှုနေတယ်လို့ သိရပါတယ်။ ဆာရီဟာ နာပိုလီက ထွက်လာတည်းက ဟိုင်ဇက်ကို ခေါ်ယူလိုနေပြီး တစိုက်မတ်မတ် ကြိုးစားနေခဲ့တာပါ။ နာပိုလီဘက်ကတော့ ဇန်န၀ါရီမှာ လက်လွှတ်ဖွယ် မရှိဘဲ ရာသီကုန်ရင်တော့ အပြောင်းအရွှေ့ ဖြစ်သွားနိုင်ပါတယ်။

မြောက်လန်ဒန်ဒါဘီပွဲအဖြစ် အာဆင်နယ်နဲ့ တော်တင်ဟမ်တို့ရဲ့ ကာရာဘောင်းကွာတားဖိုင်နယ်ပွဲမှာ ကွင်းလယ်လူ အိုဇေး မပါဝင်ခဲ့ပါဘူး။ ကစားသမားဟာ ကွင်းထဲမှာတော့ လာရောက်အားပေးခဲ့ပြီး စီးရီအေကလပ် အင်တာမီလန်က အိုဇေးကိုရဖို့ ကြိုးစားမှုတွေ စတင်လာနိုင်ပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ရိုးမားကစားသမား ဆန်ဂျစ်အန်ဒါကို ဘိုင်ယန်မြူးနစ်အသင်းက ချိတ်ဆက်နေပြီး ခေါ်ယူဖို့ အရေးသာနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် မျှော်လင့်ချက်တော့ မကုန်ဆုံးသေးပါဘူး။ ကစားသမားဘက်ကတော့ ပရီးမီးယားလိဂ်ကို သွားရောက် ကစားလိုနေတယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်း ကွာတားဖိုင်နယ်မှာ တော်တင်ဟမ်ဟာ 2-0 နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရှူံးပွဲကို ပြန်လည်လက်စားချေခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကိုတော့ ဆွန်နဲ့ အလီတို့က သွင်းယူပါတယ်။

လာမယ့် ဇန်န၀ါရီမှာ ကစားသမား ၀ယ်ယူပြီး အင်အားဖြည့်တင်းမှုတွေ လုပ်နိုင်မှာ မဟုတ်ကြောင်း ပိုချက်တီနိုက ပြောကြားသွားပါတယ်။ ဘာကြောင့်လဲဆိုရင် ကွင်းသစ်အတွက် ငွေကြေးကုန်ကျမှုတွေ များစွာ ရှိထားတာကြောင့် ကစားသမား ၀ယ်ယူဖို့ အသင်းမှာ ငွေမရှိဘူးလို့ ၄င်းက ဆိုလိုက်ပါတယ်။

ယူနိုက်တက် အသင်းဘက်က အရခေါ်ယူဖို့ ကြိုးစားနေတာကြောင့် ပိုချက်တီကို လက်လွှတ်ရရင် စပါးအသင်းဘက်က ဘုန်းမောက်နည်းပြ Eddie Howe ကို အစားထိုးဖို့ ဦးစားပေး စဉ်းစားထားတယ်လို့ သိရပါတယ်။ စပါးအသင်းက Howe ကို ပိုချက်တီနိုရဲ့ လက်ရှိ လစာ တစ်နှစ် ပေါင် ၈သန်းခွဲ ပေးနေရသလောက် လစာပေးဖို့လည်း အဆင်သင့် ရှိနေပါတယ်။

လီဗာပူးရဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ဖာဘင်ညိုက အင်္ဂလိပ် ဘောလုံးကို အသားကျဖို့ အချိန်ယူခဲ့ရကြောင်း ၀န်ခံစကား ဆိုခဲ့ပြီး အခုချိန်မှာတော့ လီဗာပူးအသင်းနဲ့အတူ ဟန်ချက်ညီအောင် ကစားနိုင်နေပြီးလို့ ၄င်းက ဆိုပါတယ်။ ဖာဘင်ညိုက ပြီးခဲ့တဲ့နွေကမှ မိုနာကိုအသင်းကနေ လီဗာပူးဆီ ပြောင်းရွှေ့ကြေး ပေါင် ၄၃.၇ သန်းနဲ့ ရောက်ရှိလာသူပါ။

ဒေါ့မွန်အသင်း ရှုံးပွဲတွေ့သွားတဲ့နောက် ဥရောပ ထိပ်သီးလိဂ်ကြီးတွေထဲမှာ ရှုံးပွဲ မရှိသေးတာ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ လီဗာပူးအသင်းတို့သာ ကျန်ပါတော့တယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် ၁၇ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁၄ ပွဲ၊ သရေ ၃ ပွဲ ရှိထားတာပါ။

လီဗာပူးအသင်းဟာ ဒီအပတ် ၀ုဗ်ကို နိုင်ခဲ့ရင် ခရစ္စမတ်ကာလမှာ အမှတ်ပေးဇယား ပထမနေရာ ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လေးရာသီလုံးမှာ ခရစ္စမတ်ကာလ နံပါတ် ၁ အသင်းတွေကပဲ ရာသီကုန်ရင် ချန်ပီယံ ဖြစ်သွားခဲ့တာပါ။ ချန်ပီယံ မဖြစ်ထားခဲ့တဲ့ နောက်ဆုံး တစ်သင်းကလည်း လီဗာပူးအသင်းပဲ ဖြစ်ပြီး 2013/14 တုန်းက ခရစ္စမတ်မှာ အဆင့် ၁ အနေနဲ့ ရှိခဲ့ပါတယ်။

ဘာစီလိုနာကို ထွက်ခွာပြီး စီးတီးကို လာခဲ့လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ စီးတီးလူငယ်ကစားသမား အဲရစ် ဂါစီယာက ထုတ်ဖော်ပြောလိုက်ပါတယ်။ လူငယ် ခံစစ်မှူး ဂါစီယာဟာ လတ်တလော လက်စတာနဲ့ စီးတီး ကာရာဘောင်းပွဲမှာ အထူးခြေစွမ်းပြခဲ့လို့ ဂွာဒီယိုလာ ကိုယ်တိုင် ချီးကျူးခဲ့ရသူလေးပါ။

မန်စီးတီးဟာ အေစီမီလန် ညာနောက်ခံ ကစားသမား Raoul Bellanova ကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ ရာသီကုန်ရင် အေစီမီလန်နဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် အီတလီသား လူငယ်ခံစစ်မှူးလေးနဲ့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီမှာ တရားဝင် အကြိုစာချုပ်ချုပ်ဆိုမှာ ဖြစ်ပါတယ်။

မန်စီးတီးက ရီးရဲလ်မက်ဒရစ် စတား အစ္စကိုကို ဇန်န၀ါရီမှာ ခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ လာမယ့်နွေမှာလည်း စပိန်သားကို ကမ်းလှမ်းမှာ မဟုတ်ပါဘူး။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ဘာနေဗျူးမှာ ပုံမှန်နေရာ မပေးနိုင်လို့ ရောင်းချဖွယ် ရှိနေပေမယ့် ရီးရဲလ်ဘက်က အစ္စကိုအတွက် ပေါင် သန်း ၉၀ အလို ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ရာထူးကို စပါးနည်းပြ ပိုချက်တီနိုက စဉ်းစားလိုလာပေမယ့် စပါးအသင်းဘက်က အာဂျင်တိုင်းသားကို အသင်းမှာ ထိန်းသွားဖို့ အစွမ်းကုန်ကြိုးစားမှာ ဖြစ်ပါတယ်။ ယူနိုက်အနေနဲ့ ပိုချက်တီနိုကို ခေါ်ယူလိုလျှင်လည်း စပါးကို လျော်ကြေး ပေါင် ၃၄ သန်း ပေးရဖို့လည်း ရှိပါတယ်။

ယူနိုက်တက်မှာ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် တွေ့ရတဲ့ မော်ရင်ညိုကို လက်ရှိအခြေအနေဲ့ပတ်သတ်ပြီး စကိုင်းစပေါ့က မေးမြန်းရာမှာ မော်ရင်ညိုက – ‘ယူနိုက်တက်မှာ အနာဂတ်မှာ ကျနော် မပါဝင်တော့သလို ကျနော့် အနာဂတ်မှာလည်း ယူနိုက်တက် မပါဝင်တော့ဘူး။ ဒါဆို ဘာကြောင့် ငါ ဘယ်လို ရှိနေသလဲဆိုတာ ခင်ဗျားတို့ကိုကော ပရိသတ်တွေကိုပါ ကျနော့်မှာ မျှဝေပြောပြစရာ အကြောင်း မရှိဘူး။’ လို့ ငြင်းပယ် ဖြေကြားခဲ့ပါတယ်။

ကူလီဘိုင်လေအတွက် မန်ယူနိုက်တက်ရဲ့ ပေါင် ၉၅ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချထားကြောင်း နာပိုလီ ဥက္ကဌ ဒီလောရီရယ်တေးစ်က ထုတ်ဖော် ပြောကြားလိုက်ပြန်ပါတယ်။ ကူလီဘိုင်လေဟာ ဥရောပ ထိပ်တန်း ဗဟိုခံစစ်မှူးအဖ်ြစ် တောက်ပလာသူ ဖြစ်ပြီး နာပိုလီကို စီးရီးအေ ထိပ်ဆုံး ၃သင်းဆီ ပြန်ပို့ပေးရာမှာ အရေးပါစွာ ကူညီထားသူပါ။