သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်သူ ထံက ကျပ်သိန်း ၂,၅၀၀ ဖြင့် ပြန် လည်ဝယ်ယူဖူးကြောင်း ယင်း ဇာတ်ကား ဒါရိုက်တာ ဝိုင်းက ပြောသည်။

‘‘ဘာလို့ ဝယ်ခဲ့တာလဲဆို တော့ ဒီဇာတ်ကားက အကျိုးအ မြတ်ရမယ်လေ။ အဲဒီအကျိုးအ မြတ်ကို လိုချင်လို့ပါ။ သူ (ဦးဝင်း ကြည်) မရောင်းပါဘူး။ သူက လည်း သိနေပါတယ်။ သိန်း ၅,၀၀၀၊၆,၀၀၀ လောက်ရမယ်ဆိုတော့’’ ဟု ဒါရိုက်တာဝိုင်းက ပြောသည်။

‘သမ္မတကြီးထံပေးစာ’ ဇာတ် ကားကို ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက ရိုက်ကူးရန် စီစဉ်ခဲ့ပြီး ဆင်ဆာခွင့်ပြုချက်မရ သောကြောင့် လက်ရှိ အစိုးရ လက်ထက်မှသာ ရိုက်ကူးနိုင်ခဲ့ ကြောင်း ၎င်းက ဆိုသည်။

ယင်းဇာတ်ကားသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်အ တွင်း အကျင့်ပျက်ခြစားမှုများကို ထောက်ပြထားပြီး လူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံရသည့် မြေးဖြစ်သူ အတွက် သမ္မတကြီးထံ စာရေး သားပေးပို့ရန် ကြိုးစားသည့် အဘွားတစ်ဦးအကြောင်းကို အ ခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။

‘‘၂၀၁၅ မှာ ပြန်ကြားရေးဝန် ကြီးဌာနက တကယ့်တာဝန်ရှိတဲ့ သူတစ်ယောက်က ကျွန်တော့်ကို ခေါ်ပြီး စကားပြောတယ်။ ဘာ ပြောလဲဆိုတော့ ဒီကားထဲမှာပါ တဲ့ ဝန်ကြီးရဲ့ သားနေရာမှာ ဝန် ကြီးမလုပ်ဘဲ ခရိုနီလုပ်ပေးဖို့တဲ့။ ကျွန်တော်ကလည်း ပြတ်ပြတ် သားသားပြောတယ်။ ဒီကားကို ရိုက်ရတဲ့ ရည်ရွယ်ချက်က အုပ် ချုပ်ရေးမဏ္ဍိုင်က ဥပဒေပြုရေး မဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက် တာ မလုပ်သင့်ဘူးဆိုတာကို ရိုက် ပြတာလို့’’ဟု ယင်းဇာတ်ကား ရိုက်ကူးရေးနှင့် ပတ်သက်၍ အ ခက်အခဲတစ်ခုကို ပြောသည်။

ယင်းအချိန်တွင် ထုတ်လုပ် သူဘက်က အထက်ပါအတိုင်း ပြောင်းလဲပေးရန် ပြောကြားသော် လည်း ၎င်းဘက်က သဘောမတူ ခဲ့ဘဲ ၂၀၁၆ ၌ ရိုက်ကူးခွင့်ရရှိခဲ့ ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဇာတ်ကားအစတွင် ယင်းဇာတ်ကားသည် စိတ်ကူး ယဉ်သက်သက် ဇာတ်လမ်းသာ ဖြစ်ကာ မည်သည့်ပုဂ္ဂိုလ်၊ မည် သည့်ခေတ်ကိုမျှ မရည်ရွယ် ကြောင်း စာတန်းထိုးရခြင်းသည် ၎င်းတို့ဇာတ်ကား ပြသခွင့်ရရှိရေး စာတန်းထိုးပေးခြင်းဖြစ်ကာ ယင်းဇာတ်ကားကြည့်ရှုပြီးချိန်တွင် မည်သည့်အချိန်ကို ရည်ရွယ် ကြောင်း ပရိသတ်များ သိရှိနိုင် မည်ဟု ဒါရိုက်တာ ဝိုင်းက ပြော သည်။‘‘ဒီကားသည် နှစ်ပေါင်း၄၀၊ ၅၀ လောက် မြန်မာ့ရုပ်ရှင်လောကက ချစ်ကြိုက်ကွဲညားကနေခွဲထွက်လာတဲ့ ရုပ်ရှင်တစ်ကားပါ။ ဒီကား ပရိသတ်အားပေးတာ၊ အနုပညာအရ အောင်မြင်တာလို ချင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ နောက်ထပ် ဒီလိုကားမျိုး ဖန်တီးချင်လို့ပါ။ နောက်ထပ် ဒီလိုအခွင့်အရေးမျိုး ရချင်လို့ပါ။ ဒီ ကားမှာ ကျရှုံးလို့မဖြစ်ပါဘူး။ ကျရှုံးမယ်လို့လည်း လုံးဝမယုံ ကြည်ထားပါဘူး’’ဟု ဒါရိုက်တာ ဝိုင်းက ပြောသည်။

သို့သော် ချစ်ကြိုက်ကွဲညား ဇာတ်ကားများကိုသာ ဖန်တီး သည့် ဒါရိုက်တာတစ်ဦးအနေဖြင့် လိုအပ်ချက်များ ရှိနေမည်ကို ဝန်ခံကြောင်း ၎င်းက ဆိုသည်။

‘သမ္မတကြီးထံပေးစာ’ဇာတ် ကားတွင် အလင်းရောင်၊ ချမ်းမင်း ရဲထွဋ်၊ ဖွေးဖွေးနှင့် မေဆူးမောင် တို့က အဓိကပါဝင်သရုပ်ဆောင် ထားပြီး အောက်တိုဘာ ၁၉ ရက် ၌ ရုံတင်ပြသမည်ဖြစ်သည်။

7 Day Daily