ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာက ရာသီသစ်မှာ မန်စီးတီးထံက အမှတ်ပေးဖလားကို လုယူမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ သူကပဲ ချယ်ဆီးအသင်းဟာ စိန်ခေါ်မှုတွေကို ပြုလုပ်ဖို့လည်း အာရုံစိုက်မှု အပြည့်နဲ့ အများကြီး ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

အဲဗာတန်ဟာ ကွင်းလယ်လူ Gana Gueye နေရာမှာ အစားထိုးဖို့ရာ ကစားသမား လေးဦးကို ဆန်ကာတင်စာရင်းထဲ ထည့်ထားပြီး အဆိုပါထဲမှာ ချယ်ဆီးမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ဘာကာယိုကိုလည်း ပါဝင်နေပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြသစ် လမ်းပတ် လိုချင်တဲ့ အသင်းသစ် အနေအထားမျိုး ရောက်လုနီးပါး ရှိနေပြီ ဖြစ်ကြောင်း ၀ါရင့်ခံစစ်မှူး ကွီတာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဲဗာတန်ဟာ ပဲလေစ့်အသင်းမှ တောင်ပံတိုက်စစ်သမား ဇာဟာအတွက် ပေါင် ၆၀ သန်းအပြင် လူငယ်ကစားသမား တစ်ဦး အလိုက်ပေးဦးမယ့် ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပါတယ်။ လန်ဒန်ကလပ် ချယ်ဆီးက အာဆင်နယ်နဲ့ အဲဗာတန်တို့ ဇာဟာကို ဒီနွေမှာ မခေါ်နိုင်ရင် လာမယ့်ရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ချယ်ဆီး ကစားသမားဟောင်း အီဒင် ဟာဇက်ကတော့ လန်ဒန်ကလပ်ရဲ့ ကစားသမားသစ် ပူလာဆစ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာနိုင်တယ်လို့ ချီးကျူးခဲ့ပါတယ်။