မန်ယူတိုက်စစ်မှူး လူကာကူဟာ အသင်းပြောင်းဖို့ ကိစ္စမှာ ကြီးစွာသော အဟန့်အတား ဖြစ်နေတဲ့ အသင်း ဆိုဈေး ပေါင် သန်း ၈၀ ကို လျှော့ပေးကာ အသင်းကနေ ထွက်ခွာခွင့်ပေးပါရန် တောင်းဆိုလိုက်တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

လူကာကူကို ခေါ်ယူလိုနေတဲ့ အင်တာမီလန်အသင်းက ဘယ်ဂျီယံတိုက်စစ်မှူးအတွက် မန်ယူအသင်းထံ တောက်လျှောက် ဆက်သွယ် ညှိနှိုင်း နေပြီး ဂျူဗင်တပ်အသင်းကပါ ဒိုင်ဘားလား ကို အလိုက်ပေးပြီး ကမ်းလှမ်းရန် စိတ်ဝင်စား လာခဲ့ပါတယ်။

လောလောဆယ်ထိတော့ မန်ယူက ဘယ်လ်ဂျီယံသား တိုက်စစ်မှူး အတွက် အင်တာမီလန်အသင်းနဲ့ သာ ညှိနှို်င်းမှုြုပုလုပ်နေပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှု မရနိုင်ဘဲ ရှိနေတာပါ။

စီးရီးအေကလပ်ဟာ လူကာကူ အတွက် ပေါင် ၅၃.၉ သန်းနဲ့ တခြား ထပ်ဆောင်းကြေး မပါဝင်တဲ့ ကမ်းလှမ်းမှု တစ်ခု ဒီတစ်ပတ် အစောပိုင်းမှာ ပြုလုပ်ခဲ့ကာ မန်ယူအသင်း ဘက်က ပယ်ချခဲ့ပါတယ်။

အင်တာမီလန်နည်းပြသစ် ကွန်တီကတော့ – “ကျနော် ဒီကစားသမား (လူကာကူ)ကို သဘောကျတယ်ဆိုတာ အားလုံး ကောင်းကောင်း သိနေကြတာပဲ။ အရင်တည်းက သူ့ကို ခေါ်ချင်ခဲ့တာ။ ကျနော် ချယ်ဆီးနည်းပြ အဖြစ် ရှိနေတုန်းကလည်း သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော် အထပ်ထပ် ပြောခဲ့သလိုပဲ။ သူက မန်ချက်စတာယူနိုက်တက် ကစားသမားပါ။ ကျနော် လေးစားမှု ရှိပါတယ်။” လို့ သောကြာနေ့ကပဲ ထုတ်ဖော် ပြောဆိုထားပါတယ်။

မန်ယူအသင်းဘက်က လူကာကူကို ရောင်းချလိုပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ် အဲဗာတန်က ခေါ်ခဲ့တဲဈေးကို ကာမိစေမယ့် ပေါင် ၇၅ သန်း နဲ့ သန်း ၈၀ ကြား ဈေး အလိုရှိ နေပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိ ညှိနှိုင်းမှုများ အဆင်မပြေ ဖြစ်နေတာကြောင့် လူကာကူက အသင်းကို ၄င်းရဲ့ ဈေးနှုန်းတန်ဖိုးကို လျှော့ချရောင်းချပေးပြီး ဒီနွေမှ အီတလီကို ပြောင်းရွှေ့ခွင့်ပေးပါရန် တောင်းပန်ခဲ့တယ်လို့ အင်္ဂလန်သတင်းများမှာ ဖော်ပြလာပါတယ်။

လူကာကူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ သြစတေးလျ နဲ့ အာရှ ခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါခဲ့ ပေမယ့်လည်း လေး ပွဲ ကစားခဲ့ရာတွင် တစ်မိနစ်မှ ပါဝင် ကစားခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် လူငယ်တိုက်စစ်သမားလေးတွေ တောက်ပလာခဲ့တာကြောင့် လာမယ့် ရာသီမှာ လူကာကူ အနေနဲ့ ပွဲကစားခွင့် နည်းသည်ထက် နည်းလာဖို့သာ ရှိပါတယ်။