ဖီဖာရဲ့ ကလပ်အသင်းများ ကမ္ဘာဖလား ပြိုင်ပွဲရဲ့ ဒီဇင်ဘာလအတွင်း ပွဲစဉ် ဇယား ထွက်ပေါ်လာခဲ့ရာ လီဗာပူးအသင်း အနေနဲ့ ၂၉ ရက် အတွင်း ၁၀ ပွဲ ထိ ကစားရမယ့် ပွဲကြပ်တွေနဲ့ စိန်ခေါ်မှုကြီး ရင်ဆိုင်နေရပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ပွဲထွက်ကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်ထားတဲ့ အင်္ဂလန် ယူ-၁၇ အသင်း ကွင်းလယ်လူ ဟာဗေး အီးလီယက်ကို လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ အေဂျက် ကွင်းလယ်တိုက်စစ် ကစားသမား ဇီယက်ဟာ လာလီဂါကလပ် ဆီဗီလာထံမှာ ကမ်းလှမ်းမှု ရရှိပေမယ့် ပယ်ချခဲ့ကြောင်း ၀န်ခံ ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူနစ်အသင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ပြင်သစ်သား တိုက်စစ်သမား ရီဘာရီကို ဒီနွေမှာ မာဆေးဆိုဒ်ထံ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဆာလက်၊ မာနေး၊ ဖာမင်နို၊ အိုရီဂီတို့နောက် လူငယ်ကစားသမား ဘရူးစတားနဲ့ ကန့်ကို နေရာပေးဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ရီဘာရီကိစ္စကို ဆက်လက် လုပ်ရှားပါ့မလားကတော့ မသေချာတော့ပါဘူး။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းများရဲ့ ငွေများများ အသုံးပြုနေခြင်းအပေါ် မနာလိုဖြစ်နေတယ် ဆိုတဲ့ ပြောဆိုချက်များကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ကွန်မြူနတီဒိုင်း ပွဲစဉ် လီဗာပူးနဲ့ ရင်ဆိုင်မယ့် မန်စီးတီး အသင်းဘက်မှာ ဂျီးဆု၊ ဖာနန်ဒင်ဟို၊ အီဒါဆန်၊ အော်တာမန်ဒီ၊ အဂွယ်ရို၊ မာရက်ဇ်နဲ့ မန်ဒီ စတဲ့ ကစားသမား ၇ ဦးထိ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။